အပိုင်း ၁၉

12.8K 463 29
                                    

Unicode

"ကိုမိုး ကျွန်တော့်နေရာကို Romantic နဲ့ ဘေးချင်းကပ်ရပ်ဖြစ်ဖြစ် မျက်နှာချင်းဆိုင်ဖြစ်ဖြစ် ပြောင်းပေး"

wedding fair ကျင်းပဖို့ စီစဉ်နေသူ ကိုမိုးကို သွားပြောတော့ ကိုမိုးက ပိုကိုပိုတယ်ဆိုတဲ့ အကြည့်နဲ့ ကြည့်တာခံလိုက်ရသည်။

"ခုရော ဘယ်လောက်ဝေးနေလို့လဲ ဒီအခန်းထဲမှာပဲကို"

"သုံးနေရာတောင် ခြားနေတာလေ ကြည့်ချင်ရင် လူတစ်ကိုယ်လုံး ကုန်းပြီးကြည့်မှ မြင်ရမှာပေါ့"

"ကုန်းကြည့်ပေါ့ကွာ တကတည်းမှပဲ"

"လုပ်ပါဗျာ ငါ့အစ်ကိုကလိမ္မာပါတယ် ဒါပြီးရင် ကျွန်တော် ဘီယာလိုက်တိုက်မယ်"

"ရှုပ်ကိုရှုပ်တယ် ပြီးရင် customer တွေတဖွဲဖွဲရောက်လာရင် ယားလို့တောင်ကုတ်အားမှာမဟုတ်ဘူး"

"ယားလို့မကုတ်ရတောင် မျက်နှာလေး လှမ်းကြည့်ပြီး အမောဖြေလို့ရတယ်လေဗျာ လုပ်စမ်းပါ ဒီလိုတွေဖြစ်မယ်ဆိုတာသိလို့ မြန်မြန်လာပြီး ပြောတာကို ကိုမိုးတို့က လုပ်တာမြန်လိုက်တာ ပြန်ပြောင်းလိုက်နော်"

"မင်းကလေ ပိုကိုပိုတယ်"

"မပိုပါဘူး လိုတောင်နေသေး ကိုမိုးက လူပျိုကြီးဆိုတော့ ဒါတွေခံစားတတ်မှာမဟုတ်ပါဘူး"

"ဟေ့ကောင် စေတနာပျက်အောင်မလုပ်နဲ့"

"ဟဲ..ဟဲ လုပ်ပါဗျာ ဘေးကပ်ရပ်မထားနဲ့ မျက်နှာချင်းဆိုင်ကိုရွှေ့လိုက်မယ်.. ဒါမှ တစ်ချိန်လုံး မြင်နေရအောင်လို့... လာ လာ ကျွန်တော်ကူပေးမယ် ဒီ ဆိုင်းဘုတ်လေးနှစ်ခုကို ဖြုတ်ပြီးလဲရုံပဲမလား"

သူနားပူတာကို မခံနိုင်တော့တဲ့ အဆုံး ပြောင်းပေးလိုက်တော့မှ သူမနဲ့မျက်နှာချင်းဆိုင်နေရာမှာ ရတော့သည်။ ဟင်း ဟင်း.. ဒီလိုဆို တစ်ချိန်လုံးမြင်ရပြီ။

သူ့အတွက်တော့ ဒီရက်ထဲအချိန်ကုန်တာ အရမ်းကြာနေသလိုခံစားရသည်။ ခုမှ august လလယ် ရှိသေးတာ။ ကြားထဲ နှစ်လခွဲကြီးများတောင် လိုသေးသည်။ သီတင်းကျွတ်ကျွတ်ချင်း oct လထဲ ဆောင်ချင်ပေမယ့် ကိုယ့်အရင်ယူထားတဲ့ လူတွေများနေတော့ ခန်းမကလုံးဝမရ။ ရတဲ့ရက်ကျတော့လည်း ရက်မကောင်းတဲ့ နေ့တွေမို့ လူတွေဖယ်ထားတဲ့ရက်တွေဖြစ်နေသည်။ ဒီလိုနဲ့ အမေတွေရဲ့ ဗေဒင်မေးလိုက် ဇာတာတိုက်လိုက်ရယ် ခန်းမအားတဲ့ရက်ရယ်ကို ညှိလိုက်တော့ nov လထဲကိုရောက်သွားတော့သည်။ သူကတော့ အဲ့တာတွေကို လက်မခံချင်။ ဖြစ်နိုင်ရင် သူများတွေမလုပ်တဲ့ အားနေတဲ့ရက်ကို လုပ်ပစ်လိုက်ချင်တယ်။ ရက်မကောင်းတာတွေ ပြဿဒါးတွေက ဘာလုပ်ရမှာလဲ။ သူမနဲ့ တူတူနေရမယ့် ရက်က သူ့အတွက်တော့ နေ့ကောင်းရက်မြတ်တွေ ရက်ရာဇာတွေ ကြည့်ပဲ။ ဒါပေမယ့်လည်း ဓလေ့ထုံးစံဆိုတော့လည်း ပယ်လို့မကောင်းလို့သာ ငြိမ်နေလိုက်ရသည်။
သူ့သဘောသာဆို သူမလက်ခံလိုက်တဲ့ နောက်ရက်မှာကို ချက်ချင်းမင်္ဂလာပြေးဆောင်မိမှာ..။

ရှိသည် ဖြစ်သည် ချစ်သည်Donde viven las historias. Descúbrelo ahora