အပိုင်း ၃၂

16.6K 460 14
                                    

Unicode

ရိုက်ထားသမျှပုံတွေကို တစ်ချက်စစ်ကြည့်ပြီး camera ကိုသိမ်းလိုက်ကာ သတို့သမီးအမေနှင့် စကားပြောနေတဲ့ သူမနားကိုသွားလိုက်သည်။

"ကျေးဇူးပဲနော် သမီးလေး"

"မိုးပြည့်ကကျေးဇူးတင်ရမှာပါရှင့် အားလုံး ချောချောမွေ့မွေ့နဲ့ အဆင်ပြေသွားတယ်ဆိုလို့ တော်သေးတာပေါ့"

"အမလေး အဆင်ပြေတာထက်ပိုတယ် .. နောက်လူတွေကိုလည်း ညွှန်းပေးဦးမှာ.... ဟော ဒါလေးက cameramanလေးမှတ်လား"

"ဟုတ်ပါတယ်ခင်ဗျ"

"အေးအေး ဓာတ်ပုံလေးတွေကို အလှဆုံးနဲ့ အမြန်ဆုံးဖြစ်အောင်လုပ်ပေးနော်"

"စိတ်ချပါခင်ဗျ"

"အေးအေး... ပြန်ကြတော့လေ နောက်ကျနေလိမ့်မယ်.... အတူတူလာကြတာလား"

"ဟုတ်ကဲ့"

"အော်.. အေးအေးကောင်းတယ် သူငယ်ချင်းနှစ်ယောက် အတူတူဆိုတော့ အဖော်ရှိတာပေါ့.... သွားကြ သွားကြ"

"ဟုတ် ဒါဆို မိုးပြည့်တို့ကို ခွင့်ပြုပါဦးနော်.... ညီမလေးတို့ကိုလည်း နှုတ်ဆက်တယ်ပြောပေးပါဦး"

"အေးအေး ပြောလိုက်မယ်... ဂရုစိုက်သွားကြ"

သတို့သမီးအမေကို နှုတ်ဆက်ပြီး ဒီဘက်ကိုလှည့်ကာရှိသေး မိုးပြည့်ပခုံးကို ဆွဲဖက်ပစ်လိုက်ကာ

"အဲ့ အန်တီကြီးကလည်း လင်မယားတွေပါလို့ တွေ့တိုင်းပြောနေတာကို ခုထိ ဇွတ်သူငယ်ချင်းလုပ်ခိုင်းနေတယ်"

"အဟင်း လူကြီးဆိုတော့ မေ့တတ်လို့နေမှာပါ"

"မေ့စရာလား... ကျွန်တော်တို့နှစ်ယောက်ပုံစံက ဘယ်နားမှာ သူငယ်ချင်းနဲ့တူနေလို့လဲ"

"တူပါတယ်... ငါတို့နှစ်ယောက်ပုံစံက လင်မယားနဲ့ သိပ်မတူတာ... ငါဖြင့်နင့်ကို တစ်ခါတစ်ခါ ယောကျာ်းဆိုတာတောင်မေ့,မေ့သွားတယ်... "

"........"

"ညီ...ဘာဖြစ်တာလဲ.. စောင့်ဦးလေ"

ကားဆီသို့ စကားတပြောပြောနဲ့ လမ်းလျှောက်နေရာကနေ ဖက်ထားတာကို လွှတ်ပြီး ရှေ့ကနေ ထွက်သွားတော့ နားမလည်နိုင်ဖြစ်ပြီးနောက်ကနေ အပြေးလိုက်သွားရသည်။

ရှိသည် ဖြစ်သည် ချစ်သည်Donde viven las historias. Descúbrelo ahora