အပိုင်း ၂၇

16.7K 527 81
                                    

Unicode

"အားလုံးပဲ မပြန်ကြနဲ့ဦးနော် '....' ဆိုင်မှာ booking လုပ်ထားတယ် အဲ့ကိုသွားကြမယ်"

"ဝိုး မိုက်တယ်ဟေ့"

"သွားမယ် စားမယ်"

"ဒါကြောင့် မစုကိုချစ်နေရတာ"

မစုရဲ့ စကားကြောင့် အခန်းထဲမှာရှိတဲ့ သူတွေရဲ့ အော်သံတွေထွက်လာကြသည်။ ဒီနေ့ မိုးပြည့်တို့ wedding showcase တစ်ခုအတွက် ရောက်ရှိနေခြင်းဖြစ်သည်။ ပွဲပြီးလို့ ပြန်ဖို့အတွက်လုပ်နေတုန်း organizer ဖြစ်သူ မစုစကားကြောင့် ညီသုတကို လိုက်သွားမှာလားဆိုတဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်သည်။

"ဟေ့ ဟိုလင်မယား မျက်လုံးချင်းဆုံပြီး မလိုက်ဖို့အတွက် ကြံစည်နေကြတာမလား... မရဘူးနော်... ခဏပဲဖြစ်ဖြစ်လိုက်ခဲ့ရမယ်"

"ဟုတ်သားပဲ... အစ်ကိုကလည်း လိုက်ခဲ့ပါ.. အစ်ကိုပါမှ ပျော်ဖို့ကောင်းမှာပေါ့"

"မ.... ပင်ပန်းနေပြီလား.... နားချင်ပြီလား"

မစုစကားသံအဆုံး ညီသုတနားလေးလာရပ်ပြီးဝင်ပြောလိုက်တဲ့ ဝိုင်းလေးဆိုတဲ့ တစ်ယောက်ကြောင့် ထွက်မလိုဖြစ်သွားတဲ့ ဒေါသက မိုးပြည့်ပခုံးကို ဖက်ကာ မေးလိုက်တဲ့ ညီသုတရဲ့စကားနဲ့အပြုအမူကြောင့် ပြန်လည်လျောကျသွားသည်။ မိုးပြည့်က ဒီပွဲရဲ့ floral sponsor ၊ ညီသုတက cameraman ၊ ဝိုင်းလေးက model...... မတွေ့ချင်လည်း တွေ့ရ၊ မပတ်သက်ချင်လည်း ပတ်သက်နေရမယ့် အခြေအနေ ၊ နောက်လည်း ဒီလိုမျိုးတွေရှိတိုင်းဒီလိုပဲ အမြဲဖြစ်နေမှာဖြစ်တဲ့ အတွက် အလကားနေ ဘာမဟုတ်တာလေးနဲ့ အချင်းအများချင်။ ကိုယ့်ယောကျာ်းကို နိုင်ရင်ပြီးတာပါပဲ။

"မပင်ပန်းပါဘူး.. သွားမှာပေါ့"

"အဲ့လိုဆို လိုက်ခဲ့ကြတော့နော်"

"ဟုတ် မစု....... သွားစို့လေ"

မစုကိုဖြေပြီးတာနဲ့ တပြိုင်နက် ပခုံးမှာဖက်ထားတဲ့ သူ့လက်ကိုဆွဲယူကာ ချိတ်လိုက်ပြီး ဟိုကလေးမကို မိန်းမချင်းသာနားလည်နိုင်လောက်မယ့် အကြည့်နဲ့ တစ်ချက်ကြည့်ပြီး လှည့်ထွက်လာခဲ့သည်။

..

"မမိုးပြည့်တို့က မိဘသဘောပေးစားလို့ယူထားရတာလား"

ရှိသည် ဖြစ်သည် ချစ်သည်Where stories live. Discover now