အပိုင်း ၂

18.4K 602 20
                                    

Unicode

"ငါကခု ကိုဝေယုနဲ့တွေ့မလို့"

"......"

"အဲ့ဒါက ထွန်းထွန်းသွားမှာမလား"

"......."

"အေး အဲ့လိုဆို မိုးဇေပါထည့်လွှတ်လိုက်လေ"

"......."

"အေးအေး"
..
..

"အွန့်"

​ညီသုတတစ်ယောက် ဖုန်းပြောပြီး ဖုန်းကိုအိတ်ထဲငုံ့ထည့်နေတုန်း ရင်ခွင်ထဲကို တစ်စုံတစ်ခုပစ်ဝင်လာသလိုခံစားလိုက်ရလို့ အလန့်တကြားလှမ်းဖက်ထားလိုက်မိသည်။

...
ring ring ring

စားသောက်ပြီး ဆိုင်ထဲကထွက်ကာ ကားရှိရာကိုသွားနေတုန်း ဖုန်းလာသံကြောင့် ဖုန်းပြောရင်းဆက်လျှောက်လာခဲ့သည်။

"ဒါလီပြော"

"အစ်မ သန်ဘက်ခါလုပ်မယ့် dinner အတွက် stage လေးတစ်ချက်ကြည့်ပေးဦး"

"အေးအေး ကြည့်လိုက်မယ်"

ဒါလီပို့လိုက်တဲ့ telegram က ပုံကိုကြည့်ရင်း ကားရှိရာကို လျှောက်လာလိုက်သည်။

"အမေ့"

ဖုန်းကိုအာရုံစိုက်နေပြီး လျှောက်နေတော့ အောက်က ခဲလုံးကိုမမြင်ပဲ ခလုတ်တိုက်မိကာ လူကရှေ့ကိုဟပ်ထိုးလဲကျသွားသည်။ သွားပြီလို့ ထင်လိုက်ပေမယ့် သင်းပျံ့တဲ့ရင်ခွင်တစ်ခုထဲ ရောက်သွားကာ တစ်ကိုယ်လုံးကိုဆွဲဖက်ထားခြင်းကိုခံလိုက်ရသည်.....။

"ဆောရီး တောင်းပန်ပါတယ် ကျွန်တော်က ရုတ်တရက်ဆိုတော့"

"ဟုတ် ဟုတ် ဆောရီးပါနော်"

တင်းတင်းကျပ်ကျပ်ကြီး ပွေ့ဖက်ထားခြင်းမှာ အငိုက်မိနေတုန်း ဖက်ထားရာမှလွှတ်ကာ ပြောလိုက်တဲ့ အသံကြောင့် အလန့်တကြားရင်ခွင်ထဲမှရုန်းထွက်ပြီး ဖြေလိုက်သည် ။

"ရရဲ့လား"

"ဟုတ် ရပါတယ် ခွင့်ပြုပါဦး"

ရှက်လွန်းလို့ မျက်နှာမြင်အောင် မော့တောင်မကြည့်ပဲ မျက်စိရှေ့တည့်တည့်မှာရှိနေတဲ့ ရင်ဘက်ကိုပဲ ကြည့်ကာပြောပြီး ထွက်လာခဲ့လိုက်သည်..။ ရည်းစားမထားတာ နှစ်ချီကြာနေပြီး ယောကျာ်းလေးတစ်ယောက်ရဲ့ ဖက်တာခံလိုက်ရတော့ လူက ကတုန်ကယင်ကြီးတောင်ဖြစ်လို့.....
..
..

ရှိသည် ဖြစ်သည် ချစ်သည်Tempat cerita menjadi hidup. Temukan sekarang