အပိုင်း ၅၃ (ဇာတ်သိမ်းပိုင်း)

27.5K 555 53
                                    

Unicode

"ဘယ်ဆိုးလို့လဲ တစ်ယောက်တည်းလည်းဖြစ်တာပဲ"

စားပွဲပေါ်မှ ပြင်ဆင်ထားတာတွေကိုတစ်ချက်ကြည့်ရင်း စိတ်ကျေနပ်စွာနဲ့ တစ်ယောက်တည်း ပြုံးကာပြောမိသည်။

ဒီနေ့သူတို့ရဲ့ ၁၅နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်သည်။ မှန်တာပြောရရင် အိမ်ထောင်သက် ၁၅နှစ်သာပြည့်လာတာ တစ်ခါမှ anniversary dayဆိုပြီး မလုပ်ဖူးခဲ့။ အိမ်ထောင်စကျတဲ့ ပထမ ၄ ၅ လလောက်သာ တစ်လပြည့်နှစ်လပြည့်မှတ်ထားပေမယ့် ကြာလာတဲ့အခါ လတွေကိုသိပ်ထည့်မတွက်ဖြစ်တော့။ အဲ့လိုဆို နှစ်နဲ့တွက်ပြီးလုပ်လားဆိုတော့လည်း သူတို့ရဲ့ anniversary ရက်က နှစ်ယောက်လုံးရဲ့ အလုပ်အရှုပ်ဆုံးအချိန်ဖြစ်နေတော့ခါတိုင်းနေ့တွေလိုပင် မနက်အိပ်ရာထ အနမ်းလေးတစ်ပွင့်ပေးကာ ကိုယ်စီအလုပ်ရှိရာပြေးကြရပြီး ညမိုးချုပ်မှ ပင်ပင်ပန်းပန်းနဲ့ပြန်လာကြကာ အိပ်ရာဝင်ခဲ့ကြသည်။ တစ်ချို့နှစ်တွေဆို သူကခရီးထွက်နေရတာနဲ့ အတူတူတောင်မရှိခဲ့။ ဒီလိုနဲ့တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးလာတာ ၁၅နှစ်တောင်ရှိခဲ့ပြီဖြစ်သည်။

anniversary ရက်မှသာမဟုတ် ဘယ်ရက်မှထူးထူးထွေထွေဘာမှမလုပ်ဖြစ်ခဲ့ပါ။နှစ်ယောက်လုံး အလုပ်တွေကလည်း romance ဖြစ်တဲ့ event တွေလုပ်ဖို့ပြင်ဆင်ပေး မှတ်တမ်းတင်ပေးရတဲ့အလုပ်တွေဖြစ်နေတော့ သူများ ro တာတွေလိုက်ကြည့်နေရတာနဲ့ ကိုယ့်အတွက်ကိုယ် မလုပ်ချင်တော့။ အမြဲအတူတူ သွားလာစားသောက်နေတာဖြစ်တဲ့အတွက်လည်း ဘာနေ့အတွက် romantic dinner ဆိုပြီး တစ်သီးတစ်သန့်သွားစားတာမျိုးလည်းမရှိခဲ့ပါ။

ကိုယ်တိုင်က အဲ့တာမျိုးတွေဝါသနာမပါပေမယ့် အိမ်ထောင်ဦးကာလတွေမှာတော့ သူက သူတို့အတွက်ထူးခြားတဲ့ရက်လေးတွေမှာ အမှတ်တရဖြစ်မယ့်အရာလေးတွေလုပ်ဖို့ စီစဉ်ပေမယ့် သူမကလက်မခံ။ အဲ့လိုတစ်ရက်တည်းကွက်ပြီးထူးထူးခြားခြားပျော်စရာမှမလိုတာဆိုပြီးငြင်းဆန်ခဲ့သည်။ ဒီလိုနဲ့ သူမကလည်း အဲ့တာမျိုးတွေဝါသနာမပါဘူးနေမှာပါဆိုပြီး အဲ့လိုကိစ္စတွေအတွက်သိပ်ပြီးအားမထုတ်မိတော့။

ဟိုတစ်ရက်ကမှ မိသားစုလေးယောက် dinner သွားစားကြရင်း ဆိုင်မှာမင်္ဂလာနှစ်ပတ်လည်အတွက်ပွဲတစ်ခုကျင်းပနေတာတွေ့လိုက်သည်။ ယောကျာ်းဖြစ်သူက မိန်းမ မသိအောင် surprise လုပ်ပေးတာဖြစ်တဲ့ ပွဲကိုကြည့်ရင်း သားနဲ့သမီးက ဒယ်ဒီတို့ရောအဲ့လိုမျိုးတွေမလုပ်ဘူးလား ဒယ်ဒီကမာမီ့ကိုလုပ်မပေးဘူးလားမေးမှ သူ့ချို့ယွင်းချက်ကိုပြန်မြင်လာပြီး ကြည်နူးအားကျနေတဲ့အကြည့်နဲ့ကြည့်နေတဲ့ သူမရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန် မိန်းမကိုအရမ်းအားနာသွားမိသည်။

ရှိသည် ဖြစ်သည် ချစ်သည်Opowieści tętniące życiem. Odkryj je teraz