5

2K 156 3
                                    

ညက အိပ်မပျော်၍ မိုးလင်းခါနီးမှ အိပ်ပျော်သွားပေမယ့် ရှောင်းကျန့်က တက်ကြွ​နေပါတယ်။ မနေ့ညက ရုတ်တရက်​ဆန်​တဲ့ အဖြစ်အပျက်က ခေါင်းထဲကမထွက်။ အိပ်ယာကထကတည်းက မျက်နှာပေါ်ကအပြုံးက ကုမ္ပဏီရောက်တဲ့အထိ မဖုံးနိုင်မဖိနိုင် ။ ကွန်ပျူတာ screen ကို ကြည့်နေပေမယ့် ဝမ်ရိပေါ်ကို မြင်ယောင်ရင်း သူ့နှုတ်ခမ်းသူကိုင်လို့ ပြုံး​လိုက်ရယ်လိုက် ခေါင်းခါလိုက်........။

"ရှောင်းကျန့် ! ဘာပျော်စရာရှိလို့လဲ? တစ်ယောက်တည်း ပြုံးလိုက်ရယ်လိုက်နဲ့။ ကောင်မလေးရနေပြီထင်တယ်"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ရှောင်းကျန့် ! ဘာပျော်စရာရှိလို့လဲ? တစ်ယောက်တည်း ပြုံးလိုက်ရယ်လိုက်နဲ့။ ကောင်မလေးရနေပြီထင်တယ်"

ရှောင်းကျန့်ရဲ့ လုပ်ဖော်ကိုင်ဖြစ်တဲ့ ကျိလီက ရှောင်းကျန့်ကိုကြည့်ပြီးပြောလာတယ်။ သူခိုးလူမိသွားသလို ရှက်ရယ်ရယ်လိုက်တယ်။  လည်ပင်းကိုပွတ်သပ်လိုက်ပြီး
"အာာာာာ . မဟုတ်ရပါဘူး ကျိလီရာ ၊ ဒီလိုပဲ"

"ဘာမဟုတ်ရမှာလဲ၊ မင်းရုပ်ကအဲလိုဖော်ပြနေတယ်လေ။ အရင်နေ့တွေ မင်းအလုပ်လုပ်ပြီဆို တည်ငြိမ်နေတာကြီးကို။  ပြောစမ်းပါ။ ငါတို့ ကုမ္ပဏီကပဲလား? အပြင်ကလား?"

" အပြင်ကပါ"
ရှောင်းကျန့်လည်း လူကဲခတ်တော်လွန်းတဲ့ကျိလီကို မငြင်းနိုင်ဘူး။

"ဘမ်း!!"
ကျိလီက စားပွဲကို အသာပုတ်လိုက်ပြီး..
"ဟာ ! ငါတို့ရဲ့ လူချောလေး sold out သွားပြီပေါ့။   ကုမ္ပဏီကကောင်မလေး​တွေအတွက် so sad ပဲဟေ့!"

"တိုးတိုးပြောပါကွ ၊ မင်းက​လဲ"

"ဘာဖြစ်လဲ ၊ သူများတွေ သိသွားတော့ မင်းနားလာမကပ်တော့ဘူးပေါ့။ နို့မို့ဆို မျက်စိကိုနောက်လို့"

ကျိလီရဲ့ကောင်းမှုနဲ့ ရှောင်းကျန့်ရည်းစားရနေပြီဆိုတာ သူ့​ဌာနမှာ အရင်ပျံ့နှံ့သွားတယ်။ နောက်တော့ ကုမ္ပဏီတစ်ခုလုံးပဲ။ ဒါပေမယ့် ကောင်မလေး​တွေကတော့ ရည်းစား​ရလည်း မျှော်လင့်လို့ရသေးတယ်ဆိုပဲ။ လက်ထပ်ရသေးတာမှမဟုတ်တာတဲ့။

ချစ်ရည်းစားထားချင်တယ်(Complete)Where stories live. Discover now