"အ!"
ဝမ်ရိပေါ်က သခွားသီးသုပ်မယ်ဆိုပြီး ဓါးနဲ့လှီးရာမှ လက်ရှသွားတာဖြစ်တယ်။
"ဝမ်ဝမ်! အာာာာ... ကြည့်--- လက်ရှသွားပြီ။ အဲဒါ့ကြောင့် ဘာမှမလုပ်နဲ့လို့ပြောတာ။ လာ.... လက်ဆေးပြီး ဆေးသွားထည့်ရအောင်"
"ဝမ်ဝမ်လည်း ကူလုပ်ပေးချင်လို့လေ။ ဒီအတိုင်း အဆင်သင့်လေးစားရင် ကိုစိတ်ပုပ်ကြီးကပြောဦးမယ်"
ဝမ်ရိပေါ်က ကျိုးချန်ကိုမေးငေါ့ပြီးပြောလိုက်တယ်။ကျိုးချန်က ပန်းကန်တွေကို စားပွဲမှာချနေရင်း
"ငါ့ဘက်လှည့်လာပြန်ပြီ"ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့လက်ကိုရေဆေးပြီးတာနဲ့ ဆေးထည့်ရန် မီးဖိုဆောင်မှထွက်သွားတယ်။
ကျိုးချန်က နှုတ်ခမ်းကိုမဲ့လို့...
'အပေါ်ယံလေးပဲထိတာကို ရှောင်းကျန့်တို့က ပိုကို ပိုလွန်းတယ်'"ကိုကို.... ဝက်နံရိုးကြော်လေး~~"
ရှောင်းကျန့်က ဝမ်ရိပေါ်ပန်းကန်ထဲ ဝက်နံရိုးကြော်ယူပြီး ပါးစပ်ထဲ ထည့်ပေးလိုက်တယ်။
" ပုစွန်ရော~~"
ရှောင်းကျန့်က ပုစွန်ကိုခွာလို့ ဝမ်ရိပေါ်ကို ခွံ့ကျွေးလိုက်တယ်။
YOU ARE READING
ချစ်ရည်းစားထားချင်တယ်(Complete)
Fanfictionရည်းစားထားမလား... စာသင်မလား... ရှောင်းကျန့် စာပဲသင်ပါ့မယ်... ဝမ်ရိပေါ်