8

1.5K 137 4
                                    

"ကိုကို! မျက်နှာလည်းမကောင်းပါလား? ဘာဖြစ်လို့လဲ?"

ဝမ်ရိပေါ် စာမေးပွဲကြီးပြီးသွားတော့ Wang Company ကို ညနေတိုင်းလာပြီး ရှောင်းကျန့်အလုပ်ဆင်းချိန်လာစောင့်တယ်။ ပထမတော့ ရှောင်းကျန့်လည်း ဘာမှမပြောဖြစ်ဘူး။ ဝမ်ရိပေါ်နဲ့ ဆိုင်တစ်ဆိုင်ဝင်ပြီး ညစာစားပြီးမှပြန်တယ်။ သုံးရက်မြောက်နေ့ကျတော့ ရှောင်းကျန့်က တစ်ခြားလူတွေ ရိပ်မိမှာစိုးလို့ ပိတ်ရက်မှပဲတွေ့ကြရန် ဝမ်ရိပေါ်နဲ့ အချိန်းအချက်လုပ်ရတယ်။ ဒီကလေးက လက်မခံချင်ဘူး။ ရှောင်းကျန့်ကလည်း အလျှော့မပေးဘူး။ ဝမ်ဥက္ကဋ္ဌသိသွားရင် ပြဿနာတက်နိုင်တယ်၊ သူတို့နှစ်ယောက်ကို ခွဲနိုင်တယ် ဘာညာဆိုပြီးပြောမှ အင်တင်တင်နဲ့ လက်ခံလိုက်တာ။

အခုလည်း ရှောင်းကျန့်ရုံးပိတ်ရက်မှာ ဝမ်ရိပေါ်နဲ့အတူ နေ့လည်စာစားရန် စားသောက်ဆိုင်မှာ ရောက်နေကြတာဖြစ်တယ်။

"ဘာမှမဖြစ်ပါဘူး၊ အလုပ်တွေက pressure နည်းနည်း များလို့ပါ"
ဝမ်ဥက္ကဋ္ဌက သူ့ကို US လွှတ်မယ့်အကြောင်းကို ဘယ်လိုလုပ်ပြောရမလဲ။

"ကိုကို့အလုပ်က ပင်ပန်းလား? ဝမ်လေး ဖေဖေ့ကိုပြောပေးရမလား?"

"အာာာ... ဥက္ကဋ္ဌကိုပြောစရာမလိုပါဘူး၊ ကိုယ်တို့အလုပ်က မပင်ပန်းပါဘူး၊ ဦးနှောက်စားရတာလေးပဲ"
ရှောင်းကျန့်က ဝမ်ရိပေါ်ကြောင့် အခွင့်အရေးတွေရမှာ မလိုလားဘူး။ သူ့အရည်အချင်းနဲ့ပဲ သူကကြိုးစားပြီးရလာတဲ့အရာကိုပဲလိုချင်တယ်။

××××

တစ်ပတ်ကြာပြီးနောက် ရုံးမှာ Promotion list တွေထွက်လာတယ်။ ရှောင်းကျန့်ထင်တာမမှားဘူး။ ဥက္ကဋ္ဌက သူ့ကိုတမင် US ရုံးခွဲကိုပို့လိုက်တာပဲ။ ဘာလို့ဆို သူနဲ့အတူတူ ကျိလိလဲ ရာထူးတိုးတယ်။ ဒါပေမယ့် သူက ဒီဌာနမှာပဲလေ။
"ရှောင်းကျန့်ရေ! ငါတို့ရာထူးတိုးပြီကွ! မင်းကတော့ US ကိုသွားရမယ်။ ငါလည်းသွားချင်လိုက်တာ"

ရှောင်းကျန့်မှာ မချိပြုံးလေးပြုံးနေရတယ်။ သူများတွေ ရာထူးတိုးတာပျော်နေကြပေမယ့် ရှောင်းကျန့်မှာတော့ ပျော်ရမလား? ငိုရမလားတောင်မသိ။ ဝမ်ဥက္ကဋ္ဌ ခေါ်တွေ့ပြီးကတည်းက တစ်ပတ်လုံးလုံး US မသွားရပါစေနဲ့လို့ကြိတ်ဆုတောင်းနေရပေမယ့် ကံတရားက သူ့ဘက်မှာမရှိဘူးထင်တယ်။ သူ တစ်ကယ်ကြီး ဝမ်ရိပေါ်နဲ့ မခွဲချင်ဘူး။ ရင်ထဲမှာ တစ်ဆို့ဆို့ကြီးနဲ့ ခံရခက်လိုက်တာ။

ချစ်ရည်းစားထားချင်တယ်(Complete)Where stories live. Discover now