"အဟွတ်! အဟွတ်!!!!"
"ငါပြောတယ်မလား.... အအေးမိမယ်လို့! "
ဝမ်ရိပေါ် ညက ရှောင်းကျန့်နဲ့ ကျိုးချန်တို့ စကိတ်စီးတာရပ်ပြီး အိမ်ပြန်ဖို့ပြင်နေချိန်မှာ သူက နောက်ထပ်တစ်နာရီကြာအောင် ကွင်းထဲပတ်စီးနေသေးတယ်။ အခုတော့ အအေးမိပြီးဖျားပြီ။
ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ ဝမ်ရိပေါ်ငြိမ်နေရတယ်။"မင်းကလဲကွာ... နေမကောင်းတဲ့ကလေးကို ဆူမနေပါနဲ့တော့... "
ရှောင်းကျန့်က ဝမ်ရိပေါ်အတွက်ယူလာတဲ့ ဆန်ပြုတ်ပန်းကန်လုံးကိုင်ပြီး ဝမ်ရိပေါ်၏ကုတင်ဘေးက ခုံမှာထိုင်လိုက်တယ်။"ရှောင်းကျန့်ရာ... မင်းတပည့်ကို အရမ်းအလိုလိုက် လိုက်မနေနဲ့! ငါတော့ အလုပ်သွားဖို့ပြင်လိုက်ဦးမယ်။ ဒီနေ့ အရေးကြီးတဲ့ Meeting ရှိတယ်နော်"
ပြောပြီးတာနဲ့ ကျိုးချန်က အခန်းပြင်ထွက်သွားတော့တယ်။ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ ချိုင်းကြားထဲက Digital Thermometer ကိုဆွဲထုတ်ပြီးကြည့်လိုက်တယ်။
"အင်း... အဖျားနည်းနည်းရှိတယ်~ တော်သေးတယ်~ ညက ဆေးကြိုတိုက်လိုက်လို့~
ဒီနေ့တော့ ကိုယ်ခွင့်ယူလို့မရဘူး~ အိုးထဲမှာ ဆန်ပြုတ်ကျန်သေးတယ်~ နေ့လည်ကျရင် ပြန်နွေးစားလိုက်နော်~
နေကောင်းသွားရင်~ ဝမ်ဝမ်ကြိုက်တာချင်ကျွေးမယ်~"
ရှောင်းကျန့်က ဝမ်ရိပေါ်ကို ချော့မော့ရင်း ဆန်ပြုတ်ကို ခွံ့ကျွေးနေရတယ်။
YOU ARE READING
ချစ်ရည်းစားထားချင်တယ်(Complete)
Fanfictionရည်းစားထားမလား... စာသင်မလား... ရှောင်းကျန့် စာပဲသင်ပါ့မယ်... ဝမ်ရိပေါ်