ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ရဲ့ နေ့ရက်တွေက ဖြူဖြူစင်စင်နဲ့ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလို့ သွားတယ်။
ကျိုးချန်က သူ့ရဲ့ခွင့်ရက်တွေကုန်လို့ ပြန်ရောက်လာတော့မယ်။"ဟင်းးးးးးးး"
ဝမ်ရိပေါ်က TV ရှေ့မှာ စိတ်ပျက်လက်ပျက်ထိုင်နေမိတယ်။ ဘာလဲ ရှောင်းကျန့်က ဘုန်းကြီးသေလို့ ဝင်စားတာလား? သမာဓိအားကတော့ တကယ်ကောင်းတယ်။ ညတိုင်း နှစ်ယောက်အတူတူ အိပ်ရာတစ်ခုတည်းမှာ အိပ်တာတောင် နေနိုင်လိုက်တာ။ကျိုးချန် အိမ်တံခါးကို တွန်းဖွင့်လို့ ဝင်လိုက်တာနဲ့ ဝမ်ရိပေါ်ရဲ့ ပျော်ရွှင်မှုကင်းမဲ့နေတဲ့ မျက်နှာက ဆီးကြိုနေတယ်။ ကျိုးချန်က ဝမ်ရိပေါ်ကိုလှမ်းခေါ်လိုက်တယ်..
"ရိပေါ်! ငါ့ကို အိတ်လေးဘာလေး လာသယ်ပေးပါဦး"ဝမ်ရိပေါ်က စိတ်မပါစွာနဲ့ ကျိုးချန်ကိုတစ်ချက်လှမ်းကြည့်ပြီး...
"လေဆိပ်မှာတုန်းက တစ်ယောက်တည်းသယ်လာတာမှတ်လား! အိမ်ဝပဲရောက်နေပြီကို! " ပြောပြီးတာနဲ့ မျက်နှာလွှဲသွားတယ်။ကျိုးချန်တစ်ယောက် ပါးစပ်ဟောင်းလောင်း ဖြစ်သွားပြီးနောက် ဒေါသထွက်လာရတယ်။
"အေး! မင်းရဲ့ ရှောင်းကျန့်က လာကြိုမယ်ဆိုပြီး အလုပ်ပေါ်လာလို့ ရောက်မလာဘူးလေ! ဒါ့ကြောင့် ငါတစ်ယောက်တည်း သယ်လာရတာပေါ့! ပြီးတော့ မင်းပစ္စည်းတွေချည်းပဲ! ချီးးးးးးးးး"
YOU ARE READING
ချစ်ရည်းစားထားချင်တယ်(Complete)
Fanfictionရည်းစားထားမလား... စာသင်မလား... ရှောင်းကျန့် စာပဲသင်ပါ့မယ်... ဝမ်ရိပေါ်