"ဒီနေ့ တစ်နေ့လေးနားပါရစေနော်~ ကိုကို~
ကိုကိုလို့!"ဝမ်ရိပေါ်ကတော့ တစ်လက်မလောက်လိုက်လျောလိုက်ရင် တစ်တောင်လောက်လိုချင်နေတာပဲ။ အခုလည်း နေမကောင်းတာ အကြောင်းပြပြီး စာမလုပ်ချင်ပြန်ဘူး။
မနက်ကတည်းက ရှောင်းကျန့်မှာ အလုပ်မသွားရဘဲ တစ်နေ့လုံး ဝမ်ရိပေါ်ကို ပြုစုနေရတယ်လေ။
"မရဘူး! စာမေးပွဲနီးနေပြီလေ ၊ နေလည်းကောင်းနေပြီကို""ဟွန့်!"
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ထပ်အတွန့်မတက်ရဲဘူး။ မဟုတ်ရင် 'မင်း! ငါနဲ့ ပြတ်ချင်လို့လား' လို့ခြိမ်းခြောက်လိမ့်မယ်။
*ဟူးးးးးးး *
ဝမ်ရိပေါ်ရဲ့ ရည်းစားဘဝက သာယာမနေပါဘူး။×××××
စက်တင်ဘာလကုန်လို့ အောက်တိုဘာလထဲရောက်လာပြီ။
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ မွေးနေ့နီးလာပြီဖြစ်လို့ ဘာလက်ဆောင်ပေးရမလဲ စဉ်းစားနေရတယ်။ မနှစ်က Chanel ရေမွှေးလက်ဆောင်ပေးပြီးပြီ။ ဒီနှစ်ဘာပေးရမလဲပေါ့။ တစ်သက်တာ သူ့ကိုအမှတ်ရစေချင်တာမျိုးပေါ့။
"ကိုကို~ ကိုကို~"
"ဟင်"
"ကိုကို့မွေးနေ့ကျရင် ဝမ်လေး ကိုကို့အိမ်လိုက်လည်ချင်တယ်"
ဝမ်ရိပေါ်ရဲ့ စကားကြောင့် ရှောင်းကျန့်ကိုယ်လေး မတ်ကနဲ တောင့်သွားရတယ်။ သူ့အဆောင်ခန်းက ကျဉ်းကျဉ်းလေး၊ ဘယ်လိုလုပ်ရပါ့။ ပွင့်ပွင့်လင်းလင်းပဲ ကောင်းပါတယ်။
"ကိုယ့် အခန်းက ကျဉ်းကျဉ်းလေး။ ဝမ်လေး~ နေတတ်မှာ မဟုတ်ဘူး""ရပါတယ်။ ဝမ်လေးနေတတ်အောင် အခုကတည်းက ကျင့်ရမှာပေါ့"
ဝမ်ရိပေါ်က ရဲရဲတင်းတင်းပဲ။
YOU ARE READING
ချစ်ရည်းစားထားချင်တယ်(Complete)
Fanfictionရည်းစားထားမလား... စာသင်မလား... ရှောင်းကျန့် စာပဲသင်ပါ့မယ်... ဝမ်ရိပေါ်