တနင်္ဂနွေနေ့ဖြစ်တာနဲ့အညီ ပေကျင်းရဲ့ နာမည်ကြီး အပန်းဖြေဥယျာဉ်ထဲမယ် ကလေး၊ လူငယ်၊လူလတ်၊ လူကြီး အသက်အရွယ်အမျိုးမျိုးနဲ့ ပျားပန်းခက်မျှ စည်ကားနေတယ်။ အမှန်ပြောရရင် ရှုပ်ရှက်ခက်နေတာပါ။ ရှောင်းကျန့်က ယခုအသက်အရွယ်အထိ ဒီလိုနေရာမျိုးတွေ မရောက်ဖူးပါ။ သွားဖို့လည်းတစ်ခါမှစိတ်ထဲမရှိဖူးပါ။ အင်း..... အခုတော့ ဝမ်ရိပေါ်ကိုလိုက်ပို့ရတယ်ပေါ့။
ဝမ်ရိပေါ်ကတော့ အရမ်းတွေပျော်နေရပါတယ်။ ဒီအပန်းဖြေဥယျာဉ်ကို လာချင်နေတာကြာပြီ။ ငယ်ငယ်ကလည်း အဖေဖြစ်သူက အလုပ်များနေတဲ့အတွက် လိုက်မပို့ပေးနိုင်။ ဆယ်ကျော်သက်အရွယ်လေးရောက်လာတော့ ဖခင်ကိုဆန့်ကျင်ချင်တာကများနေပြီး မသွားဖြစ်။ ယမန်နှစ်က ကိုကိုနဲ့သွားချင်ပေမယ့် မပြောရဲခဲ့ဘူး။ အခုတော့ ရည်စားဖြစ်သွားပြီဆိုတော့ ပူဆာလို့ရပြီလေ။ ပြီးတော့ ကိုကိုကလည်းအရင်လို သူ့အပေါ် အေးစက်စက်မဟုတ်တော့။
"ကိုကို! ကိုကို! Roller Coaster အရင်စီးမယ်နော်"
ဝမ်ရိပေါ်က အော်ဟစ်လို့ ရှောင်းကျန့်လက်ကိုဆွဲကာ Roller Coaster ရှိရာဦးတည်သွားလေရဲ့။
"ဝမ်လေး~ အခုပဲ မနက်စာစားပြီးတာ၊ Roller Coaster စီးရင် အန်ထွက်နိုင်တယ်နော်"
ဝမ်ရိပေါ်က မျက်မှောင်လေးကြုတ်လို့ မေးစေ့ကို လက်နဲ့ပွတ်ကာ စဉ်းစားလိုက်ပြီး
"ဟင်? ဟုတ်လား? ဒါဆို ဘာအရင်စီးရမလဲ? .........
အာာာာ.....သိပြီ၊ Carousel Ride အရင်စီးကြမယ်လေ၊ အဲဒါက မမူးလောက်ဘူး"ရှောင်းကျန့်လည်း ဝမ်ရိပေါ် ခေါ်ဆောင်ရာပါသွားရတာပဲ။ သူ့မှာ မကြီးမငယ်နဲ့ အဲဒါကိုစီးရဦးမယ်။ ရှောင်းကျန့်က Carousel က ကလေးတွေပဲ စီးတာလိုထင်ခဲ့ပေမယ့် လူကြီးတွေပါစီးကြတာကိုတွေ့လိုက်ရလို့ *တော်ပါသေးရဲ့* လို့တွေးမိရတယ်။
YOU ARE READING
ချစ်ရည်းစားထားချင်တယ်(Complete)
Fanfictionရည်းစားထားမလား... စာသင်မလား... ရှောင်းကျန့် စာပဲသင်ပါ့မယ်... ဝမ်ရိပေါ်