ရှောင်းကျန့်မျက်လုံးပွင်လာတော့ သူ့ရင်ခွင်ထဲမှာ အိပ်မောကျနေတဲ့ ဝမ်ရိပေါ်ကို မြင်လိုက်ရတယ်။ မနေ့ညက အဖြစ်အပျက်ကို ပြန်တွေးမိရင်း ပြုံးမိသွားရတယ်။ သူ ဝမ်ရိပေါ်ကို အပိုင်သိမ်းလိုက်ပြီ။
ရှောင်ထုံက လုဟန်ဆိုတဲ့ကောင်လေးနဲ့ တွဲနေပြီဆိုလို့ စိတ်အေးရပြီမှတ်တယ်။ ဝီလျံဆိုတဲ့ ကောင်လေးကြောင့် ရင်ပူရပြန်ရော။ ဝီလျံက US မှာရှိတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းစုရဲ့ မျိုးဆက်ဖြစ်တာကြောင့် ဝမ်ရိပေါ်က မိတ်ဆွေဖွဲ့ထားချင်တယ်ဆိုလို့ ရှောင်းကျန့်က မပြောသာဘူး။ ဝမ်ရိပေါ်က ရိုးသားပေမယ့် ဝီလျံက မရိုးသားဘူးဆိုတာသူသိတယ်။
ဝီလျံကလည်း အနောက်တိုင်းဆန်ဆန် ချောမောကြည့်ကောင်းသူ ။ သူဌေးမျိုးဆက် ။ မနေ့ညက ဝီလျံနဲ့အတူတူ စားပွဲသောက်ပွဲမှာရှိနေတာကို တွေးကြည့်ရုံနဲ့တင် ရှောင်းကျန့်ရင်ထဲ မီးမြိုက်နေပြီ။ ကျိုးချန်ရှေ့မှာ တည်ငြိမ်ဟန်ဆောင်ထားရတာ ဘယ်လောက်ပင်ပန်းလဲ။ သူ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်လာရတဲ့သူကို သူများလက်ထဲ အပါမခံနိုင်ဘူး။ ဒါ့ကြောင့် ဝမ်ရိပေါ်ကိုအရယူလိုက်မိတယ်။ ဝမ်ဥက္ကဋ္ဌကိုလည်း စိတ်ထဲမှာအကြိမ်ကြိမ် တောင်းပန်နေရတယ်။
*ဥက္ကဋ္ဌကြီးရယ် ကျွန်တော့်ကိုခွင့်လွှတ်ပါ* လို့....ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ ပါးဖောင်းဖောင်းလေးကို အသာငုံ့နမ်းလိုက်ပြီး အိပ်ရာကနေထလိုက်တယ်။ စောစောထရမယ်။ ကျိုးချန်မနိုးခင်လေး သူ့အခန်းဆီပြန်ရမယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်ကို သေသေချာချာ စောင်ခြုံပေးပြီး အခန်းထဲက ထွက်လာလိုက်တယ်။
ဝမ်ရိပေါ် အိပ်ရာနိုးလာတော့ အတော်လေးနေမြင့်နေပြီ။ မှန်ပြတင်းရဲ့ လိုက်ကာကြားက နေရောင်ကိုမြင်နေရတယ်။ ညက မိုးမရွာထားတဲ့အတိုင်း။ ဝမ်ရိပေါ်က ကုတင်ပေါ်ကဆင်းဖို့ ထလိုက်တယ်။
"အ! ... ကျွတ်ကျွတ်...."
ဝမ်ရိပေါ် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသလိုခံစားလိုက်ရတယ်။ ခေါင်းကလည်းအုံနေတယ်။ ညက သူနည်းနည်းသောက်လာမိတယ်။ ပြီးတော့ ရှောင်းကျန့်နဲ့ အိပ်မိတယ်။ တွေးရင်းတွေးရင်းနဲ့ ....
*အားးးးးးးးးးး ရှက်လိုက်တာာာာာာာာ........
ဒါနဲ့ ဒီလူကြီး ဘယ်ရောက်သွားလဲ?
ကြည့်တော့ မခုတ်တတ်တဲ့ကြောင်လိုပဲ... တစ်ကယ့်တစ်ကယ်က ကျားကြီးပဲ။ ကြမ်းတမ်းလိုက်တာ-- ငါ သေတော့မလိုပဲ.....
အ! ငါ့ခါး ကျိုးသွားပြီလား????*
YOU ARE READING
ချစ်ရည်းစားထားချင်တယ်(Complete)
Fanfictionရည်းစားထားမလား... စာသင်မလား... ရှောင်းကျန့် စာပဲသင်ပါ့မယ်... ဝမ်ရိပေါ်