"မင်း မပြန်သေးဘူးလား"
"ကျတော်ဘာသာ ပြန်ချင်ပြန်မယ် မပြန်ချင်မပြန်ဘူး"
"အင်း အဲ့ဆို ရေတစ်ခွက်လောက်"
"ခင်ဗျား!"
လုပ်ထားအုံးပေါ့ Kim Seokjin ခင်ဗျားအလှည့်ကျ မနွှဲစတမ်းပေါ့
"မင်းမျက်နှာကြီး ပြုံးလို့မရဘူးလား "
"ဘာလို့"
"မင်ပုံစံက လူနာကို စောင့်ဖို့လာတာလား၊ ရန်ဖြစ်ဖို့လာတာလား မသဲကွဲလို့"
"Kim Seokjin!! ခင်ဗျားကို လစာလျှော့ပြီ"
"အယ်..အယ်..မင်း အနိုင်မကျင့်နဲ့!"
"အနိုင်ကျင်တယ်? ဟက်! ခုမှ အစပဲ ရှိသေးတယ်"
"ရားး အွန့်~"
ထပ်ပြီး နားညီမခံနိုင်တော့ဘူး အဲ့ကြောင့် သူ ပန်းသီး စိတ်ပြီးသားကို ပါးစပ်ထဲ ထည့်ပေးလိုက်တော့ အဆင်ပြေသွားတယ်၊ မဟုတ်ရင် နံရံတွေပွင့်ထွက်သွားမလားမသိတဲ့ အသံကြီးကို ထပ်ပြီးမကြားချင်တော့ဘူး
ပါးစပ်ထည်း ရောက်လာတဲ့ ပန်းသီးစိတ်လေး ကြောင့် ပြောမဲ့စကားတွေ မပြောဖြစ်တော့ဘဲ ပါးစပ်ထည်းက ပန်းသီစိတ်ကိုသာ အာရုံရောက်သွားတဲ့ Kim Seokjin.. အဲ့တာလဲ ကောင်းတာပဲ မဟုတ်ရင် Jungkookတို့ နားစည်ကွဲလေ့မယ်။
"ခုမှ နားအေးသွားတယ်"
"ဟွန့်! အဲ့ဆို မင်း ငါ့လစာမလျှော့နဲ့လေ"
"ကျတော့်စကား နားထောင်လေ"
"အဲ့မှာတွေ့လား နံရံနဲ့ဆောင့်ပြီး သွားသေလိုက်ပါလား"
နံရံအား သူ့ရဲ့လက်ချောင်ကောက်ကောက်လေးတွေနဲ့ ညွှန်ပြပြီး ရန်တွေ့နေတဲ့လူ
"ခင်ဗျား တော်တော်စွာနေပါလား"
"အဲ့တော့ ဘာဖြစ်ချင်လဲ"
"ဟက်!"
"မင်း..မင်း ဘာလို့ ရှေ့တိုးလာတာလဲ"
"ခင်ဗျားပဲ ဘာဖြစ်ချင်လဲဆို ခုကျတော်ဖြစ်ချင်တာပြောမလို့လေ~"
"မင်း! ဝေးဝေးသွား!"
ပြောကာမှာ ပိုအနားကပ်လာတဲ့သူကြောင့် စိတ်တွေလေးတယ်၊ တကယ်ပါ သူတို့နှစ်ယောက်မျက်နှာဟာ ထိမိလုနီးပါးကပ်နေသည်။
YOU ARE READING
Hyung is my Husband
Fantasyမင်းလို CEOရှီမှာ အတွင်းရေးမှုးဖြစ်တဲ့ ငါကကိုကံဆိုးတာ မင်းနဲ့ မတွေ့ခဲ့ရရင်ကောင်းသား Kim Seokjin