"Seokjinရေ..Seokjinလေး~"
"CEOက လာဖို့ခေါ်ခိုင်းတာဆိုရင် ကျတော့်အဖြေက No"
"ငါလေး ဘာမှတောင်မပြောရသေးဘူးလေ"
"မပြောလဲ အစ်မပြောမဲ့စကားကို သိနေပြီ"
"ဟုတ်လား ဟဲဟဲ ဒါမဲ့ "
"မသွားဘူး!"
ငါစကားလေးတော့ ဆုံးအောင် နားထောင်မှပေါ့ကောင်စုပ်ရဲ့ စိတ်ရှိတိုင်းထုရအောင်ကလဲ သူကကိုယ့်ထက်ရာထူးကြီးသေးသည့်အပြင် အလုပ်မှာလဲ တော်တဲ့သူတစ်ယောက်
မလား.."Seokjinလေး ခဏ သွားလိုက်ပါ ဒီနေ့မနက်နဲ့တင် CEOမင်းကိုခေါ်ခိုင်းတာ ၂၅ခါရှိပြီ အစ်မကိုမသနားဘူးလားဟင်"
"ဟင်းး သွားမယ် သွားမယ် ရပြီလား"
"ဟီးဟီး အဲ့ဆို ဖ်ိုက်တင်း "
လိုချင်တဲ့အဖြေရတော့ သွား၃၂ချောင်းအကုန်ပေါ်အောင်ရီပြပြီးထွက်သွားတဲ့အစ်မအားကြည့်ရင်း..ခုနတုန်းက မျက်ရည်အ၀ိုင်းသားနဲ့ သနားစရာကောင်းအောင်လုပ်နေတာ ဘယ်သူပါလဲလို့ ပြန်မေးချင်မိသည်။
"ဟင်းး"
ဘုတ်!
"အ့!"
ကြည့် ရှေ့မကြည့် နောက်မကြည့်နဲ့ Kim Seokjinကတော့ အမြဲရှပ်ပြာ ရှပ်ပြာနဲ့ ခုလည်း လူတစ်ယောက်ကို၀င်တိုက်မိပြန်သည်။
နောက်ကိုမကြည့်ဘဲ လှည့်လာတဲ့သူက သူ့ရင်ဘက်နဲ့တိုက်မိပြီး ဖင်ထိုင်ရက်သားကျသွားပြီး နာကျင်တဲ့အသံလေးထွက်လာတာကြောင့် တစ်ခုခုများဖြစ်သွားလားစိုပြီး စိတ်ပူရပြန်သည်။
"အဆင်ပြေရဲ့လား?"
"ပြေတယ်"
ထူးပေးဖို့လုပ်တဲ့ လက်ကိုဖယ်ချလိုက်ပြီးအထူမခံပဲ ကိုယ့်ဘာသာထလာတဲ့ ခင်ဗျားကသိပ် ခေါင်းမာလွန်းတယ်။
" မင်းငါ့ကို ခေါ်ရတဲ့ အကြောင်းကဘာလဲ"
"ကိုကို့ မျက်နှာလေးကို တွေ့ချင်လို့"
တကယ်ပြောတာ Jungkookရဲ့ ခုလိုပုံစံကို ကြည့်ပြီး Seokjin သူ့ရဲ့ရှိသမျှအမွှေးတွေ လန့်လွန်းလို့ အကုန်ထောင်ရသည့်အထိဖြစ်တယ်ဆိုတာ သူကိုယ်တိုင်သာ အသိဆုံးပင်။
"ဒါ Companyနော် Jungkook! မင်းအပြုမှူတွေကို ဆင်ခြင်ပါ သူများတွေ အမြင်မှာ တစ်မျိုးဖြစ်လိမ့်မယ်"
YOU ARE READING
Hyung is my Husband
Fantasiaမင်းလို CEOရှီမှာ အတွင်းရေးမှုးဖြစ်တဲ့ ငါကကိုကံဆိုးတာ မင်းနဲ့ မတွေ့ခဲ့ရရင်ကောင်းသား Kim Seokjin