"အင်း~"
သူခုဘယ်ရောက်နေတာလည်း၊ သူရောက်နေတဲ့နေရာက မှောင်လွန်းလို့ ဘာမှသဲသဲကွဲကွဲမမြင်ရတဲ့အပြင် လက်ကလည်းလှုပ်လို့မရတာကြောင့် အချည်ခံထားရမှန်းသိသည်။"Jungkook!..Jungkook!မင်းဘယ်မှာလဲ"
"........"
ပြန်ဖြေသံမကြားရတာကြောင် ဒီလိုမှောင်မဲနေတဲ့အခန်းထည်းမှာ သူတစ်ယောက်တည်းသာရှိမှန်းသိလိုက်ရသည်။
"ဟင့်~ ငါ..ငါကြောက်တယ်~"
"အမှောင်ကြောက်တယ် ဟင့်~"
"နိုးနေပြီလား"
"ဟင်"
အခန်းက ခုနကိုလိုမမှောင်တော့ပဲ မီးတွေလင်းထိန်လာတာသည်။ ထို့ပြင် တံခါးကိုမှီပြီး ပြုံးကာကြည့်နေတဲ့ Jungkookကြောင့် Seokjinကြောင်အနေမိတယ်။ အမှန်တိုင်းပြောရရင် Jungkookရဲ့ ခုလိုအပြုမှုကို သူကြောက်တယ်။အင်း အဲ့အပြုံးတွေရော..
"အာရီးဂူး ကျတော်မရှိတဲ့ခဏလေးအတွင်း င်ိုထားတာလား"
"မင်းငါ့ကိုအခုဘယ်ခေါ်လာတာလဲ"
Jungkookကို သူကြောက်တယ်ဆိုပေမဲ့လည်း မရှိရှိတဲ့အားတွေကိုစုကာမေးလိုက်သည် သို့သော် တစ်ဖက်လူပြန်ဖြေလာတာကတော့..
"ကိုကို ဗိုက်ဆာနေလား"
"မင်းစကားလမ်းကြောင်းမလွှဲနဲ့! ငါမေးတာဖြေ"
"ကျတော်ငယ်ငယ်က အပန်းဖြေတဲ့အိမ်ကို ခေါ်လာတာ ရပြီလား"
"မင်း! ဖယ်ငါ့ရှေ့က"
"Kim Seokjin!"
Seokjin ဒေါသထွက်နေတာမို့
Jungkookကို ဂရုမစိုက် သူ ထိုနေရာက အမြန်ထွက်သွားချင်တယ်။ ပြီးရင် အလုပ်ထွက်စာတင်မယ်။သူJungkookနဲ့ ဝေးနိုင်သလောက် အဝေးမှာနေဖို့ထိဆုံးဖြတ်လိုက်ပြီ။"ခင်ဗျားကို ပြန်လွှတ်ပေးချင်မှတော့ ဖမ်းတောင်ခေါ်လာပါ့မလား"
"Jeon Jungkook!!"
"အနားမှာရှိနေတာကို ဘာလို့အော်ခေါ်နေတာလဲကိုကိုရာ မမောဘူးလား"
"မင်း..မင်း! ငါကမင်းအတွက် ကစားစရာမဟုတ်ဘူးနော်"
"ကစားစရာတော့မဟုတ် ဒါမဲ့ ခင်ဗျားကကျတော်အပိုင်"
YOU ARE READING
Hyung is my Husband
Fantasyမင်းလို CEOရှီမှာ အတွင်းရေးမှုးဖြစ်တဲ့ ငါကကိုကံဆိုးတာ မင်းနဲ့ မတွေ့ခဲ့ရရင်ကောင်းသား Kim Seokjin