Part 10

757 111 6
                                    

"Seokjin! ခင်ဗျား Kim Taehyungနဲ့ ဘယ်လိုပတ်သတ်နေတာလဲ!!"

"Taehyungကငါ့ညီ မင်းက ဘာလို့ အဲ့လောက် ဒေါသထွက်နေတာလဲ"

"ညီ..ကျတော်တော့ မထင်ဘူး "

"........."

"ခင်ဗျား ကျတော့်ကိုပြော ကျတော့်
မျက်လုံးကို ကြည့်ပြော Taehyungနဲ့ ဘယ်လိုပတ်သတ်နေတာလဲ"

"ငါပြောမယ် Jungkook ဒါငါကိစ္စ Taeကငါ့အတွက်ညီလေးတစ်ယောက်ပဲ ဒါကလွဲပြီး ဘာမှမင်းသိစရာမလိုဘူး!"

"Kim Seokjin! "

ခွမ်း!!

"ခင်ဗျား...ဟက်!"

ခင်ဗျားက အမြဲ ကျတော့်ကို ဒေါသထွက်အောင်လုပ်တယ်။

စားပွဲပေါ်က ပန်းအိုးကို ပြစ်ပေါက်ပြီး သူ့ ရှေ့ကိုတိုးလာတဲ့ Jungkook ကြောင့် Seokjin အမှန်ပင် ရှေ့ကJungkookရဲ့ပုံစံကို တကယ်လန့်နေသည်။

"မင်း..မင်းဘာလုပ်မလို့လဲ"

"ခင်ဗျားသိလား ကျတော် ခင်ဗျားအကြောင်းစုံစမ်းရင်ရရဲ့သားနဲ့ ခင်ဗျားကို ဘာလို့ကိုယ်တိုင်မေးနေတယ်လို့ထင်လဲ"

ခပ်ရှရှအသံလေးနဲ့  Seokjinရဲ့မေးစေ့ကိုပင့် ကိုင်ကာပြောလာတဲ့ Jungkookက ဆွဲဆောင်မှု့ရှိတာတော့အမှန်ပင် သို့သော် Jungkookရဲ့ ခုပုံစံက အသိစိတ်လွတ်တော့မယ့် ကျားတစ်ကောင်လိုဖြစ်နေသည်၊ Jungkookရဲ့ခုပုံက Seokjinကို ပိုကြောက်လန့်စေတယ်။

"Jung...Jubgkook~ မင်းမျက်နှာက ငါ့မျက်နှာကိုထိတော့မယ်"

"ကျတော်မေးတာကိုပဲဖြေ Taehyungနဲ့ ဘယ်လိုပတ်သတ်နေလဲ "

"........"

နှုတ်စိတ်နေတဲ့ Seokjinကြောင့် Jungkookပို ဒေါသထွက်လာတယ်။

"ကျတော် ဘာသာစုံစမ်းလို့သိလာရင် ခင်ဗျားရော ခင်ဗျားနားမှာရှိတဲ့လူတွေရော တစ်ယောက်မှ စိတ်ချမ်းသားမယ်မထင်နဲ့ "

"မင်းလုပ်ရဲလား!"

"ဟက်! ကျတော်မလုပ်ရဲတာ ဘာရှိလို့လဲခင်ဗျားရယ်"

မင်းပြောတာမှန်တယ်Jeon Jungkookဆိုတဲ့ မင်းက မလုပ်ရဲတာဘယ်ရှိပါ့မလဲ..

"မင်းသိချင်တယ်မလား? ကောင်းပြီလေ ငါပြောမယ် Taehyungရဲ့ ညီက ငါ့ချစ်သူ!!"

Hyung is my HusbandWhere stories live. Discover now