အပိုင်း (၁၂)

10K 697 41
                                    

အမုန်းပင်မှပွင့်သော အချစ်ပန်း
အပိုင်း (၁၂)

"စောင့်ရတာ ကြာသွားလား မင်းမင်း"
"မကြာပါဘူး မမကြီးရဲ့။ကျွန်တော်လည်း ခုနကမှရောက်တာ"
"လွန်းဟယ်ရီအလုပ်မသွားသေးတာနဲ့မထွက်လာသေးဘဲနေနေခဲ့တာ။ဒါနဲ့ဆိုပါအုံး။မင်းမင်းပြောတဲ့ အရေးကြီးကိစ္စက ဘာလဲ"
"ကျွန်တော် အသိတစ်ယောက်ကနေတစ်ဆင့် မသွန်းချယ်ရီရဲ့အမှုတွဲဖိုင်ကို ပြန်ကြည့်တဲ့အခါမှာ မသင်္ကါစရာတစ်ခုထပ်တွေ့တယ်။"
"ဘာများလဲ..မင်းမင်း"
"စာထဲမှာရေးထားတာ မျက်မြင်သက်သေတစ်ယောက်ပြောတာကို။အဲ့ဒီမှာ မသွန်းချယ်ရီနဲ့အတူ လူတစ်ယောက်ပါပါသေးတယ်လို့ရေးထားတယ်မမကြီး။ဘေးမှာလူတစ်ယောက်ပါရဲ့သားနဲ့အမှုက ဘယ်လိုဖြစ်သွားခဲ့တာလဲ။နောက်ပြီး အဲ့ဒီသူက ဘယ်သူလဲဆိုတာ သိဖို့လိုအပ်တယ်။"
"လမ်းက နီးလာလိုက်၊ဝေးသွားလိုက်နဲ့ပါလား မင်းမင်းရယ်။တို့တွေထင်ကြေးပေးထားသလို ဦးနေရောင်လွင် မဟုတ်တော့ဘဲ သွန်းချယ်ရီနဲ့အတူပါတဲ့သူလား"
"ဒါကတော့ ကျွန်တော်လည်းမပြောတတ်သေးဘူးမမကြီး။ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့သူအရမ်းများတာပဲ။ဒါပေမဲ့မမကြီးစိတ်ချပါ။ကျွန်တော် ဒီအမှုကို ပေါ်အောင် စုံစမ်းမှာပါ"
"အေးပါကွယ် မမကြီးယုံပါတယ်။ဒါဆို မမကြီး ကုမ္ပဏီသွားတော့မယ်။တစ်ခုခုထူးရင်ဖုန်းဆက်လေနော်"
"ဟုတ်ကဲ့မမကြီး..."
နန်းရိပ်လည်း ပြန်ဖို့ထရပ်လိုက်စဥ် ဟန်ချက်ပျက်ကာ ယိုင်သွားတော့သည်။
"အမေ့..."
"မမကြီး ရရဲ့လား.."
"ရတယ် ရတယ် မင်းမင်း။ခြေထောက်ခေါက်သွားတာထင်တယ်။ခဏထိုင်နေလိုက်ရင်အဆင်ပြေမှာပါ။မင်းမင်းပြန်နှင့်လေနော်"
"ခြေထောက်ခေါက်တာဆို ကျွန်တော်လုပ်ပေးမယ်"
"မဟုတ်တာပဲ။မလူပ်ပါနဲ့ မင်းမင်းရဲ့။ငရဲတွေကြီးမယ်"
"ကျွန်တော်က မမကြီးရဲ့ တူမောင်အရွယ်ပါဗျာ။မမကြီးကို ကိုယ့်အစ်မလိုသဘောထားလို့ လုပ်ပေးမယ်နော်"
ငြင်းမရသည့်အဆုံး မင်မင်းပြောသည်အား နန်းရိပ်လက်ခံလိုက်ရသည်။နန်းရိပ်လက်ခံလိုက်သည်နှင့်ရှေ့တွင် ဒူးတစ်ဖက်ထောက်ထိုင်ကာ ဘယ်ဘက်ခြေချင်းဝတ်အားငြင်သာစွာဖိနှိပ်ပေးလေသည်။
"အားနာလိုက်တာကွယ်.."
"ကိုယ့်မောင်လိုသဘောထားလိုက်ရင် အားနာဖို့မလိုတော့ပါဘူး မမကြီး ရ။"
"ဒါက ဘယ်လိုတွေဖြစ်နေတာလဲ"
အသံကြောင့်မော့ကြည့်မိတော့ လွန်းဟယ်ရီပင်။ရုံးသွားတဲ့သူက ဘယ်ကနေဘယ်လိုဒီကိုရောက်လာတာလဲ။မဟုတ်မှ နန်းရိပ်နောက်ကို နောက်ယောင်ခံနေတာလားလေ။
"ဘယ်လိုဖြစ်နေတာလဲလို့မေးနေတာလေ။ဘာလို့တိတ်ဆိတ်နေရတာလဲ"
ဆိုင်ထဲဝင်ဝင်ချင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဟယ်ရီ့သွေးတို့ဆူပွက်စွာ။ဒီလိုလူမြင်ကွင်းကြီးမှာ ယောင်္ကျားတစ်ယောက်နဲ့။စစကားပြောနေတာတောင်မဟုတ်။ရှေ့မှာဒူးထောက်ပြီး ခြေထောက်ကို ထိတွေ့နေတာ အမြင်ကပ်စရာ။
"ဘာကိုဘယ်လိုဖြစ်ရမှာလဲ။"
"အဟက်..။လူမိသွားလို့ ပြောင်ငြင်းနေတာလား ဒေါ်နန်းရိပ်လွှာ"
"လွန်းဟယ်ရီ မင်း တို့သိက္ခာကိုစော်ကားပေါင်းမျပြီနော်။တို့ခြေထောက်ခေါက်ပြီးလမ်းမလျှောက်နိုင်လို့ မင်းမင်းက နှိပ်ပေးနေတာ။"
"ရှင့်ခြေထောက်အထိတောင်နှိပ်ပေးရအောင် သူနဲ့ရှင်က ဘာတွေမလို့လဲဟမ်"
"ဒီမှာ...မမကြီးကို ခင်ဗျားအဲ့လောက်ထိပြောစရာမလိုဘူးထင်တယ်။သူခြေထောက်ခေါက်လို့ကျွန်တော်က ကိုယ့်အစ်မတစ်ယောက်လို သဘောထားပြီးလုပ်ပေးတာ"
"အစ်မတစ်ယောက်လိုဟုတ်လား...။ကလေးသွားပြောတောင် ယုံမှာမဟုတ်တာပဲ။"
"လွန်းဟယ်ရီ မင်းတရားလွန်နေပြီနော်။မင်းမင်း သွားတော့။နောက်မှပဲ တွေ့ကြမယ်။"
"ဟုတ်ကဲ့ မမကြီး"
နန်းရိပ်လို့ ပြန်ဖို့ အားယူကာ ရပ်လိုက်ပေမဲ့ ခြေထောက်မှာ နာနေဆဲပင်။
"ကျွန်မနဲ့ပြန်လိုက်ခဲ့။အိမ်ရောက်မှ ရှင်းတာပေါ့"
"မလိုက်ဘူး။တို့မှာကားပါတယ် တို့ဘာသာမောင်းပြန်မယ်။မင်းဘာသာပြန်"
"ကျစ်...ရှင်ကလေ စကားအရမ်းများတာပဲ။လူကဖြင့် လမ်းတောင်ကောင်းကောင်းလျှောက်နိုင်တာမဟုတ်ဘဲ အပြောကတစ်ချက်မလျှော့ဘူး။ခက်ဆစ် ဒေါ်နန်းရိပ်လွှာကားကို မောင်းလာလိုက်။ငါ့ကားသော့ပေး"
"မလိုက်ဘူးလို့ပြောပြီးပြီ။ခက်ဆစ် မင်းမမလေးကိုသာခေါ်ပြန်"
တစ်ယောက်တစ်မျိုးစီပြောနေတာမလို့ ခက်ဆစ်မှာခေါင်းသာကုပ်ပြီးရပ်နေမိတော့သည်။
"ခက်ဆစ်!!"
"တောင်း...တောင်းပန်ပါတယ်အန်တီ။ကျွန်တော် ကားသော့ယူသွားပြီ"

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now