အပိုင်း (၂၅) (ဇာတ်သိမ်း)

16K 754 51
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
ဇာတ်သိမ်းပိုင်း

"ဟယ်ရီ!!"
"အန်တီ!!"
ထိုခဏ သင်္ဘောပေါ်တွင် အသံတို့မှာ ဆူညံစွာပေါ်ထွက်သွားခဲ့တော့သည်။
"အန်တီ..."
စိုးရိမ်တကြီးခါးအားဖက်တွယ်ထားသည့်လက်အားအမြန်ပင်ဖြုတ်လိုက်ရင်း
"ဟယ်ရီ..ဘယ်နားထိသွားသေးလဲ"
ခေါင်းခါပြသည့်တိုင် နန်းရိပ်မှာ စိုးရိမ်စွာပဲ ဒဏ်ရာအားရှာဖွေကြည့်မိဆဲ။ထက်မြက်မင်းလက်ထဲ သေနတ်ရောက်သည်နှင့်စိုးရိမ်စွာပင် ထိုကလေးမအားကာဖို့ကြိုးစားပေမဲ့ ကိုယ့်ထက်လျှင်သည့်ကလေးမမှာ သွက်လက်စွာပင်နေရာချိန်းလိုက်လေသည်။ရုတ်တရက်မလို့ ပူထားသွားမိသည်မှာအမှန်။သေနတ်သံနှစ်ချက်ကြားရသည့်တိုင် ဘယ်သူမှမထိခိုက်ဘူးလားလို့တွေးမိရင်းမှ ရင်ထဲထိတ်ခနဲဖြစ်ကာ လန့်သွားမိသည်။
"သစ်လွင်!!"
လဲကျသွားသည့် ခန္ဓာကိုယ်လေးအား ကြောင်အစွာကြည့်ရင်း ရပ်နေမိသည်။
"ဟင့်အင်း..မဟုတ်ဘူး...မဟုတ်နိုင်ဘူး"
စိတ်ထဲမှ ထိုစကားကိုသာ အထပ်ထပ်အခါခါရေရွတ်ရင်းနေရာတွင် ကျောက်ရုပ်ပမာရပ်နေမိသည့်နန်းရိပ်မှာ ဘေးမှာဆူဆူညံညံ အသံတို့ကြားမှ သတိကပ်တော့သည်။
"သစ်လွင်..."
ဒူးထောက်ထိုင်ချပြီးနောက် သွေးတို့စွန်းထင်းပေးနေသည့်သူအား ရင်ခွင်ထဲ ထည့်ရင်း ဒဏ်ရာအား ဖိထားမိသည်။
"ဘာလို့..ဘာလို့ ဒီလိုလုပ်ရတာလဲ။ဘာလို့ဒီလိုလုပ်ရတာလဲ သစ်လွင်ရဲ့"
မျက်ရည်တို့ကျရင်း စကားပြောရန်အားယူနေသည့်သူအား ကြည့်မိသည်။
"အန်..အန်တီ..အ့..အန်တီ ဘာမှမဖြစ်ဘူးနော်"
"ဟင့်အင်း..အန်တီဘာမှမဖြစ်ဘူး။သစ်လွင်လည်းဘာမှမဖြစ်ရဘူးနော်...အန်တီသစ်လွင်ကို ဆေးရုံခေါ်သွားပေးမယ်..။စိတ်ကိုတင်းထားနော်..နော် သစ်လွင်"
"အ့..သစ်..သစ်လွင် သိပါတယ်..မ..မှီ..တော့..ပါ..ဘူး"
"ဘာလို့ မမှီရမှာလဲ။အန်တီ သစ်လွင်ကိုရအောင် ကယ်မယ်နော်.."
"ကျေး..ကျေးဇူး..ကျေးဇူးတင်ပါတယ်..အာ့..အန်တီ..အာ့..ဘာ..ဘာမှမဖြစ်လို့..ကျေ..ကျေနပ်ပါတယ်"
"အာ့ မမ..မမလေး.."
"မမလေးရှိတယ်နော်..သစ်လွင်အားတင်းထားနော်။မမလေး ဆေးရုံပို့ပေးမယ်"
လက်တစ်ဖက်အား လေးပင်စွာ မြှောက်လာသည်မလို့ ဟယ်ရီ အလိုက်သိစွာပင် ဆုပ်ကိုင်လိုက်မိသည်။
"သစ်..သစ်လွင်လေ..မမ..မမလေးကို..ပြော..ပြောစရာရှိတယ်"
"မမလေးနားထောင်နေတယ်နော်..သစ်လွင်မောနေအုံးမယ် နားပြီးပြောနော်"
နန်းရိပ်ဘက်သို့မျက်ဝန်းများလှည့်လာသည်မလို့ ခေါင်းအားငြိမ့်ပြလိုက်မိသည်။
"သစ်လွင်ပြောစရာရှိတာပြောနော်...အန်တီရော၊သသစ်လွင်မမလေးရောနားထောင်နေပါတယ်"
ဒဏ်ရာပေါ်ဖိထားသည့်လက်အားအုပ်ကာကိုင်လိုက်သည်မလို့သုံးယောက်လုံး၏လက်တို့မှာထပ်ကျသွားတော့သည်။
"သစ်လွင်လေ အန်တီ့ကို ချစ်ခဲ့မိတယ်။မကျူးလွန်သင့်မှန်းသိပါရက်နဲ့ သစ်လွင်ဒီအပြစ်ကိုကျူးလွန်ခဲ့မိတယ်။သစ်လွင်ကမကောင်းတဲ့သူပါ။ကိုယ့်ကျေးဇူးရှင်ရဲ့ချစ်သူကိုမှ ပြစ်မှားခဲ့မိတယ်။မမလေးနဲ့အန်တီ သစ်လွင်ကို ခွင့်မလွှတ်ပါနဲ့"
မောပန်းစွာဖြင့်အထစ်ထစ်အငေါ့ငေါ့ဆိုရင်း မျက်ဝန်းတို့တွင်လည်းတောင်းပန်ရိပ်တို့ဖြတ်ပြေးနေလေသည်။ထိုခဏတွင်တော့ နန်းရိပ် ဘာပြောရမှန်းမသိအောင်ပင် ဆွံ့အသွားမိသည်။ခဏမျှတိတ်ဆိတ်ပြီးမှ စကားပြောရန်အားယူလိုက်မိသည်။
"သစ်လွင်..အများကြီးမတွေးနဲ့နော်သမီးလေး။သစ်လွင်မှာအပြစ်မရှိတာမလို့ ခွင့်လွှတ်ဖို့မလိုဘူး ဟုတ်ပြီလား"
"သစ်လွင်က အပြစ်ရှိတာပေါ့"
"ဟင့်အင်း အဲ့လိုမတွေးနဲ့နော်။အန်တီပြောပြမယ် လူတိုင်းက ချစ်ခွင့်ရှိတယ်။နှလုံးသားရဲ့အလိုကို လူကမလိုက်နိုင်တာမလို့ ချစ်မိသွားနိုင်တာပဲသိလား။အဲ့ဒီလူကပိုင်ရှင်ရှိနေတယ်ဆိုရင်​တောင် အန်တီတို့နှလုံးသားက ချစ်မိတာမလို့ အန်တီတို့မှာအပြစ်မရှိဘူး။တစ်ခုပဲ ပိုင်ဆိုင်ချင်စိတ်၊လုယူချင်စိတ်မရှိဖို့တော့လိုတာပေါ့။သစ်လွင်က ချစ်တယ်ဆိုရုံပဲမလို့ ဒါသစ်လွင်အပြစ်မဟုတ်ဘူးနော်"
"အဲ့တာတွေမတွေးနဲ့နော်..မမလေးဆေးရုံကားခေါ်ပြီးပြီ။သစ်လွင်အားတင်းထားနော်"
"ကျေး..ဇူး..ကျေးဇူး..တင်ပါတယ်..မမလေး..အာ့ အန်တီ"
"သစ်လွင်! သစ်လွင် သတိထားအုံးလေ။"
"အန်တီ.."
"အန်တီရှိတယ်နော်..။သစ်လွင်အားတင်းထားပါ။မျက်ဝန်းတွေမမှိတ်လိုက်နဲ့နော်"
"သစ်လွင်..သစ်လွင် အိပ်မှရတော့မယ်ထင်တယ်"
"ဟင့်အင်း.."
မျက်ဝန်းမှမျက်ရည်တို့စီးကျရင်းဖြင့် ကားအမြန်လာရန်ဆုတောင်းမိသည်။ဘာလို့များ ကြမ္မာဆိုးတွေကဝင်ရသလဲ။ဘာလို့များ ပျော်ရွှင်ခွင့်လေးမပေးရတာလဲ။
"အန်တီ..အာ့..မငို..မငိုပါနဲ့"
"အင်း..အန်တီ..အန်တီ မငိုဘူးနော်။အန်တီမငိုတော့ဘူးမလို့ သစ်လွင်လည်း မျက်ဝန်းတွေမမှိတ်နဲ့နော်။"
"မမလေး.."
"ရှိတယ်နော်..သစ်လွင်တအားမောနေမယ်"
"အန်တီ..အန်တီကို ဂရုစိုက်ပါနော်"
"စိတ်ချနော်..။မမလေး အန်တီကို ဂရုစိုက်မှာပါ"
"ဆေးရုံကား မလာသေးဘူးလား မြန်မြန်လေးခေါ်ပေးကြပါ"
"လာနေပြီ ရောက်တော့မှာတဲ့"
အချိန်သိပ်မကြာလိုက်ခင်မှာပဲ ဆေးရုံကားရောက်လာသည်မလို့ချက်ချင်းပင်ကားပေါ်ရွှေ့ကာ နန်းရိပ်နှင့်အတူ ဟယ်ရီပါ လိုက်ပါလာမိတော့သည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now