အပိုင်း (၁၅)

9.2K 679 32
                                    

အမုန်းပင်မှပွင့်သော အချစ်ပန်း
အပိုင်း (၁၅)

"ဆိုလိုတာက မမနဲ့အတူ တစ်ခြားတစ်ယောက်ပါသေးတယ် အဲ့လိုပေါ့"
"ဟုတ်ပါတယ်။အဲ့ဒီနေ့က မသွန်းချယ်ရီနဲ့အတူ အဖော်တစ်ယောက်ပါလာပါတယ်တဲ့"
"ဟား..ဟား.."
နန်းရိပ်မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။သေချာပြောထားပါလျှက်နဲ့ ရယ်နေတာက လွန်လွန်းလှသည်။မယုံရင်တောင် စိတ်ထဲထားပေါ့လေ။အခုဟာက...။
"ကျွန်တော့်အထင်တော့ ရယ်စရာမပါဘူးထင်တယ်"
"ဆောရီး..ဆောရီး.."
"လွန်းဟယ်ရီ!!...။"
ဆောရီးပြောကာ ဆက်ရယ်နေတာကြောင့် နန်းရိပ်အသံမြှင့်ကာ အော်လိုက်ပေမဲ့ ဂရုမစိုက်စွာ ဆက်ရယ်နေလေသည်။
"ကျွန်မသဘောကျလို့ပါ။သဘောကျလို့ရယ်လိုက်မိတာ။ဘယ်ဆိုးလို့လဲ ရှင်တို့က တော်သားပဲ။မမနဲ့အတူအဖော်ပါတယ်။အဲ့ဒီအဖော်ကြောင့်မမ ဒီလိုဖြစ်တယ်။ဒါကြောင့် ရှင့်အစ်ကိုနဲ့မဆိုင်ဘူး ဒီလိုလာမှာမလား။ဟား...ဟား...။ရယ်လိုက်ရတာရှင်ရယ်။အဖော်ပါမှတေယ့ ကျွန်မ အစ်မက ဒီလိုအဖြစ်နဲ့ကြုံမလား။အမှားကိုဖုံးချင်ရင်လည်း ယုတ္တိရှိအောင်တော့လုပ်ပေါ့။အခုတော့ ဘယ့်နှယ့် ကလေးအကွက်တွေသုံးနေတာလဲ"
"လွန်းဟယ်ရီ...မင်းတရားလွန်နေပြီနော်။ကိုကိုကြီးအပြစ်မရှိတာ သိပြီးသားမလို့ ဘာမှလိုက်ပြီး ဖုံးကွယ်စရာမလိုဘူး။တို့တွေက အမှန်ကိုပဲပြောနေတာ။အမှန်ကိုမမြင်ဘဲ တစ်ယောက်တည်းတစ်ယူသန်နေတာက မင်းပဲ။မင်းကိုပြောင်းလဲပြီထင်တာ ငါမှားတာပဲ။တော်ပြီ...မင်းမင်း ပြန်တော့။နောက်ရက်မှတို့တွေအေးဆေးတွေ့မယ်"
"ဟုတ်ကဲ့မမကြီး..."
မင်းမင်းပြန်သည်နှင့် နန်းရိပ်လည်း လွန်းဟယ်ရီအား ကြည့်မိသည်။ဘာမှမလုပ်ထားသည့်ပုံဖြင့် ခပ်တည်တည်နေနေလေရဲ့။
"အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ မင်းကလေ အတော်ကို တတ်နိုင်တာပဲ"
"ကျွန်မပြေတာတွေမှန်သွားလို့ စိတ်ဆိုးသွားတာလား။"
"တို့မင်းနဲ့ တုပြိုင်ပြီး မပြောချင်တော့ဘူး။အမှန်တရားဆိုတာ တစ်နေ့တော့ပေါ်လာမှာပဲ။"
"အမှန်တရားပေါ်လာရင်တော့ မငိုကြေးနော်"
ပြုံးကာဆိုလာတာကြောင့် နန်းရိပ်ခေါင်းသာအသာယမ်းပြလိုက်မိသည်။
"မင်း ပြန်မှာလား။ဒါမှမဟုတ် တို့ဘာသာပြန်ရမလား"
"အွန်း ကျွန်မ ဝင်စရာရှိသေးတယ်။စောင့်နိုင်မယ်ဆိုရင်ကျွန်မနဲ့ပြန်လို့ရတယ်"
"နေပါစေ။တို့ဘာသာပဲ ပြန်တော့မယ်"
ဆိုင်ထဲမှ ထွက်သွားသည့်အမျိုးသမီးအားကြည့်ကာ ဟယ်ရီပြုံးမိသည်။စိတ်ဆိုးသွားတက ချစ်စရာ။စိတ်ဆိုးတတ်မှန်းသိပေမဲ့ ဒီလိုစိတ်ဆိုးတာကပဲ ဟယ်ရီ့ကို အချစ်ပိုစေတာမလို့ ခဏခဏစိတ်ဆိုးအောင်လိုက်စနေမိခြင်းသာ။
"ဟင်...ဒီလူ။ဘယ်ကဘယ်လိုပေါ်လာတာလဲ"
စားပွဲထိုးအားာပိုက်ဆံအမြန်ရှင်းကာ ဆိုင်ထဲမှထွက်လိုက်လာမိတော့သည်။
"အန်တီ ပြန်ကြစို့"
"မင်းသွားစရာရှိတယ်ဆို။ဦးအောင်ခန့်ကျော်နဲ့ လမ်းကြုံလိုက်သွားမလို့"
"သွားစရာလား...အင်း..သွားစရာကဖျက်လိုက်ပြီ။ဟယ်ရီ့အမျိုးသမီးလောက် ဘယ်အရာမှအရေးမကြီးဘူးလေ။ဟုတ်တယ်မလား ဦးအောင်ခန့်ကျော်"
ဘာတွေပြောနေသလဲဆိုသည့်ပုံစံဖြင့် မျက်စောင်းလှလှထိုးသည့်အမျိုးသမီး။ဟယ်ရီကတော့ မသိချင်ယောင်သာဆောင်နေမိတော့သည်။
"သွားခွင့်ပြုပါအုံး။အန်တီ သွားစို့လေ။လေတွေတိုက်တယ်အန်တီရဲ့..."
ပြောပြောဆိုဆို ထိုအမျိုးသမီးလက်အား ဆုပ်ကိုင်ကာ ကားပါကင်ဆီလျှောက်လှမ်းမိတော့သည်။
"မင်းဟာလေ အမျိုးမျိုးပဲ။တတ်လည်းတတ်နိုင်လွန်းတယ်သိလား"
"ဘယ်မှာအမျိုးမျိုးလုပ်လို့လဲ။"
"တကယ်ပြောတာသိလား။တို့လေ မင်းရဲ့ဘယ်ပုံစံကိုအတည်ယူရမလဲတကယ်မသိတော့ဘူး။တစ်ခါတစ်ရံကျ တို့ကိုမုန်းနေတယ်၊တစ်ခါတစ်လေကျ ဂရုစိုက်ပြန်တယ်။ဘယ်အရာက မင်းရဲ့စိတ်ရင်းလည်းဆိုတာ တို့တကယ်ပဲ မတွေးတတ်တော့ဘူး လွန်းဟယ်ရီ"
"ပုံစံမျိုးစုံပြောင်းရင်တောင် တစ်ခုကတော့သေချာမပြောင်းမလဲရှိနေပါတယ်။ဘာလဲလို့မေးရင် ဒေါ်နန်းရိပ်လွှာကို ချစ်တာလေ"
"တို့ကလည်း ဒါကိုပဲ ပိုမယုံတာပါပဲ"
စကားသံတို့မှာ တိတ်ဆိတ်သွားသည်။အတော်အကြာမောင်းပြီးသည့်နောက် ကားလေးမှာ ဟယ်ရီတို့အိမ်လမ်းထဲသို့ရောက်ရှိလာတော့သည်။
"ကျွီ...."
"ဘာလဲ..ဒီကလေးကတော့သေချင်နေတော့တာပဲ"
ကားသွားနေသည့်လမ်းအားဖြတ်ပြေးသည့်ကလေးကြောင့် ဟယ်ရီဘရိတ်အား အမြန်အုပ်လိုက်ရသည်။သတိရှိနေမိလို့တော်သေးရဲ့။မဟုတ်ရင် ထိုကလေးမှာမတွေးရဲစရာပေ။ကားပေါ်မှဆင်းဖို့ပြင်ချိန် ထွက်ပြေးသွားသည့်ကလေးကြောင့် ဟယ်ရီလည်း မဆင်းဖြစ်တော့ပေ။
"အန်တီ လန့်သွားလား..ဒီမှာရေပါတယ်။နည်းနည်းသောက်လိုက်နော်"
"ဟင့်အင်း..ရတယ်။ရတယ်။အဲ့ကလေးဘာမျဖြစ်သွားသေးလဲမသိဘူး"
"ဘာမှမဖြစ်လို့သာပြေးသွားတာပေါ့။ဖြစ်ရင်ဘယ်လိုပြေးနိုင်မှာလဲ။ပြာပြာ ပြာပြာနဲ့တော်တော်ဆိုးတဲ့ကလေးတွေ"
အိမ်ထဲသို့ကားကွေ့ဝင်ကာ ကားရပ်သည့်နေရာတွင်ရပ်လိုက်ပြီးကားပေါ်မှဆင်းလိုက်မိသည်။
"မမလေး...ဒါလေး"
"အင်း..ဆူး...ခက်ဆစ်ပေးခဲ့တာလား"
"မဟုတ်ဘူးမမလေး..အိမ်ရှေ့စာတိုက်ပုံးထဲကတွေ့တာ"
စာတိုက်ပုံးမှရသည်ဆိုသည့်စကားကြောင့် ဟယ်ရီလက်တို့အနည်းငယ်တုန်သွားကာ စိတ်လှုပ်ရှားမိသွားသည်။စာအိတ်အားကြည့်မိတော့ ဟယ်ရီ့နာမည်အားတွေ့ရသည်။ဟယ်ရီနာမည်တပ်ပြီးစာတိုက်ပုံးဆီရောက်လာသည့်စာမှာရှားလှသည်။အတိအကျဆို လွန်ခဲ့သည့်ဆယ်နှစ်နီးပါးကတစ်စောင်။အခုတစ်စောင် နှစ်စောင်သာရှိသည်။စာအိတ်အားမဆိုင်းမတွပင် ဖွင့်ကာဖတ်လိုက်မိသည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now