<1> ခေါ်ပြန်ပြီလား!

4K 222 6
                                    

[ unicode ]

" ဝမ်ရိပေါ်!!!! "

အခန်းထဲ ဒုန်းဒိုင်းနဲ့အော်ဟစ်ဝင်လာတဲ့ ရှောင်ကျန့်
ကြောင့် စာရေးနေတဲ့ ဝမ်ရိကျန့် ကိုယ်လေး တုန်တက်သွားသည် ။ အိမ်စာလုပ်နေတဲ့ ဝမ်ကျန့်လေးကအသံ​ကြားရာ တံခါးကို မျက်နှာလှည့်နေပြီး ပါးစပ်လေးကအံ့သြမှုကြောင့် စေ့စေ့မပိတ်နိုင်ပါ။ လက်ချောင်းပုတုတ်လေးတွေက ဘေးနားက ဝမ်ရိပေါ်ရဲအကျီစကိုလည်း တင်းတင်းစုပ်ကိုင်ထားသေးသည် ။

ဝမ်ရိပေါ် ရုတ်တရက်ထိတ်လန့်သွားတဲ့ ဝမ်ရိကျန့်လေးကို ပွေ့ချီလိုက်သည် ။ အရင်လတုန်းက အသက်၄နှစ်ပြည့်သွားတဲ့ ဝမ်ရိကျန့်လေးက 'သူ့ကိုထပ်မချီဖို့ပြောထားကာ အသက်၄နှစ်ဆိုတဲ့ အရွယ်က ကိုယ့်ကိုကိုယ် ထိန်းနိုင်တယ် ဒယ်ဒီ့အကူအညီမလိုတော့ဘူး'လို့ပြောထားတာဖြစ်သည် ။ သူချီလိုက်ရင် ကော့ထိုးပြီး အောက်ချပေးခိုင်းကာ ဘယ်နေရာမဆို ကိုယ်တိုင်သွားတဲ့ ဝမ်ရိကျန့်လေးက အခုတော့ သူ့လက်မောင်းတွေကြားထဲမှာ အသံမထွက်ပဲ တိတ်တိတ်လေးနေနေသည် ။

" အားးးးး ခေါ်နေတယ်လေ! ဘာလို့ပြန်မထူးတာလဲ!"
တံခါးကို ကန်ရင်း အော်နေတဲ့ ရှောင်ကျန့်ပါလေ ။
ဒေါသထွက်နေတာကြောင့်ထင် မျက်နှာလေးက
နီရဲနေကာ နှုတ်ခမ်းပါပေါက်နေပုံကြောင့် ဝမ်ရိပေါ်
ကောင်လေးရန်ဖြစ်လာတယ်ဆိုတာ သိလိုက်သည်။
ကိုယ်ပိုင်အလုပ်အကိုင်အပြင် အနုပညာလုပ်ငန်းပါ
စိတ်ဝင်စားတဲ့ ကောင်လေးက မရင့်ကျက်သေး။

" ပြော ကိုယ်နားထောင်နေတယ် "

ဝမ်ရိပေါ် ကောင်လေးဒေါသ လျော့မလားဆိုတဲ့
မျှော်လင့်ချက်နဲ့ လေသံအေးအေးလေး​ပြောမိသည်။
ဆံပင်တွေပါ ပွနေတဲ့ ကောင်လေးကြောင့် ဆံပင်
တွေ ရှုပ်အောင်မနေနဲ့လို့ပြောလိုက်ချင်ပေမဲ့ ဂျစ်ကန်ကျန်ကောင်လေးက သူ့စကားဆို နားထောင်မှာမဟုတ်။ ဘယ်လောက် ဂျစ်ကန်ကန်နိုင်သလဲဆို
အပြင်ကိုသွားမဲ့ကောင်လေးက ရင်ဟိုက်စွပ်ကျယ်
ဝတ်လာတော့ သူတားမိသည် ။ အဲ့တာနဲ့အပြင်မထွက်နဲ့လို့ပေါ့ တဂယ်လည်းအဲ့ကျီနဲ့အပြင်မထွက်ပဲ
သူ့ရှေ့တင် ချွတ်ပြကာ အကျီမပါပဲ အပြင်ကို ထွက်
သွားလေသည် ။

ဟေ့  ငါ့ကို ပါးပါးလို့ မခေါ်နဲ့(Hey,  don't call me 'PaPà')Where stories live. Discover now