ရှောင်းကျန့်လည်း လာခေါ်တဲ့အကိုကြီးတစ်ယောက်နဲ့အတူ လိုက်လာခဲ့သည်။ နာရီဝက်လောက်ထိ ကားစီးပြီးတော့ Night clubတစ်ခုကို ခေါ်လာမှန်းသိတာဖြစ်သည် ။ ဝမ်ရိပေါ်ကောက clubတွေဘာတွေ သွားမယ်လို့ ထင်မထားတာအမှန်ပင် ။ သူကြားဖူးတာက ဝမ်ရိပေါ်ကောရဲ့ပါးနဲ့မားက အရမ်းချမ်းသာတဲ့ စီးပွားရှင်တွေဖြစ်သလို ဝမ်ရိပေါ်ကောကလည်း
အရမ်းထက်မြက်တာသူ့အသိ ။ သို့ပေမဲ့လည်း
လူငယ်တိုင်း clubမရောက်ဖူးသူမှ မရှိတာ ။ သူကလွဲလို့ပေါ့ ။" ရှောင်းကျန့် အခန်းနံပါတ်၁၃၁နော် ဝင်သွားနှင့် "
လာခေါ်တဲ့အကိုကြီး ဖုန်းပြောနေရင်း အပြင်ကိုပြန်ထွက်သွားသည်။ ရှောင်းကျန့်လည်း ရောက်နေတဲ့နေရာကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်နေမိသည်။
အရေးကြီးတာက သူဘယ်လိုသွားရမလဲမသိဘူး!
" ဟို ဟိုလေ အခန်းနံပါတ် ၁၃၁ကို ဘယ်လိုသွားရလဲဟင်? "
" မိသားစုနဲ့လာတာလား "
စားပွဲထိုးလို့ထင်ရတဲ့သူတစ်ယောက်ကို ရှောင်းကျန့်မေးတော့ သူ့ကိုတစ်ချက်ကြည့်ကာ ပြန်မေးလာ၏။" မဟုတ်ဘူး သူငယ်ချင်းတွေနဲ့လာတာ "
ရှောင်းကျန့်ဖြေပြီးချိန် တစ်ခဏတော့ ယူနီဖောင်းဝတ်ထားတဲ့အကိုကြီးက အတွေးလွန်နေပုံရသည်။
နောက်တော့ သူ့ကို ခေါင်းငြိမ့်ပြကာ" လာ အကို့ကိုအခန်းနံပါတ်ပြန်ပြောပေး အကိုလိုက်ပို့ပေးမယ် အဲ့လိုပဲ အခန်းတွေများတော့ လမ်းတွေကရှုပ်တယ်"
တဂယ်ဆိုရင် လမ်းပျောက်စရာအကြောင်းမရှိပါ ။
အခန်းအကုန်လုံးက အပေါ်ထပ်တစ်လွှာထဲမှာပဲရှိတာကြောင့်ပင် ။" ဒေါက် ဒေါက် ဒေါက်! "
အခန်းတံခါးကို ခေါ်လာပေးတဲ့အကိုကြီးက သုံးခါခေါက်ပေးသည်။ အတွင်းက ဝင်ခဲ့ဆိုတဲ့ အသံတိုးတိုးလေးကြားမှ ရှောင်းကျန့်ဘက်ကိုပြန်လှည့်လာကာ ဝင်သွားဖို့ပြောသည်။ ရှောင်းကျန့်လည်း
တံခါးကို အသာဖွင့်လိုက်တော့ အပြင်ဘက်ကတိတ်ဆိတ်နေတဲ့ ကော်ရစ်တာလိုမဟုတ်ပဲ အတွင်းဘက်မှာ အတော်လေးဆူညံနေကြသည်။ လူတစ်စုက
ကခုန်ပြီးသီချင်းတွေဆိုနေကြကာ ရှောင်းကျန့်ကို
အကြည့်တစ်ချက်လေးတောင်ပေးလာခြင်းမရှိ ။
YOU ARE READING
ဟေ့ ငါ့ကို ပါးပါးလို့ မခေါ်နဲ့(Hey, don't call me 'PaPà')
Romanceအတိတ်မေ့နေတဲ့ ရှောင်ကျန့်လေးက ဒယ်ဒီဝမ့်ကို အနိုင်ကျင့်ပေါင်း ၁၀၀..... photo crd from internet🍀🍀 အတိတ်မေ့နေတဲ့ ရှောင်ကျန့်လေးက ဒယ်ဒီဝမ့်ကို အနိုင်ကျင့်ပေါင်း ၁၀၀..... photo crd from internet🍀🍀