< 5 >

1.6K 143 11
                                    

[ unicode ]

ရှောင်မားက ညကတည်းနောက်တစ်ရက်လောက်
ထပ်နေပါ့လားလို့ ပြောထားတာကြောင့် ဝမ်ရိပေါ်
ဒီနေ့ပြန်ဖို့ အစီအစဥ်မရှိသေးပါ ။ အလုပ်ကိုလည်း
မသွားသေး နေ့လည်ကျမှ သွားဖို့PAကိုပြောထားသည်လေ ။

" မားကလည်းလို့ "

"သွားသွား တစ်လျှောက်လုံး ဆိုးလာခဲ့ပြီးပြီကို "

" မားကလည်း ကျွန်တော်မှ ကိုကိုနဲ့ မခွဲနိုင်တာ "

ရှောင်ကျန့် လက်ကလေးပိုက်ပြီးပြန်ပြောမိသည်။
" အခုမှ တော်တော်ချစ်ပြနေပါ့လား "

" မားကလည်း "

" အေးအေး သွား ဟမ့် တစ်လနေမှ တစ်ရက်လေး
တောင် လာမအိပ်နိုင်ဘူးလားဟမ် ! "

" မားကလည်း မနေ့ညကအိပ်တယ်လေ "

" ငါနော် ဒီကောင်စုတ်လေး "

" မား! "
ဧည့်ခန်းထဲက ကြား​​နေရတဲ့မီးဖိုချောင်က ရှောင်ကျန့်နဲ့ ရှောင်မားအသံတို့ကြောင့် မနေနိုင်ပဲ လိုက်လာတော့ ​မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အော်လိုက်သည်။ လူကလည်း ချက်ချင်း ကျန့်ကျန့်အနားရောက်ကာ သူ့ယုန်ပေါက်စလေးကို ဘေးဘက်ပို့
လိုက်မိသည်။ ယုန်ပေါက်စရဲ့မားဖြစ်ပေမဲ့ သူ့ယုန်
ပေါက်လေးကို ထိခိုက်မှာမလိုလားပါ ။

" မား ကျန့်ကျန့်အပေါ် လက်မပါပါနဲ့ "

" သား မားမင်းကို ပြောမယ် မင်းယောကျာ်းက
လူကောင်းမဟုတ်ဘူး တစ်ခြားတစ်ယောက်ရှာလိုက်"

" မား ဘယ်လိုတွေ ပြောနေတာလဲ ဘာကို
နောက်တစ်ယောက်ရှာရမှာလဲ ရှာရဲရှာကြည့်ပေါ့
ရှောင်ကျန့်ဆိုတာ ဘာကောင်လဲ သိသွားစေရ
မယ် ဟမ့်! ဝမ်ရိပေါ် ဆိုတာ ကလေးတစ်ယောက်
အဖေ ယောကျာ်းရှိတယ်ဆိုတာ အကုန်သိအောင်
ပြောပစ်လိုက်မှာ အဲ့လိုမှ မရရင် ပေါက်စလေးကို
ဖက်ပြီး အင်တာဗျုးနဲ့ မီဒီယာတွေရှေ့ အကုန်ပြောပစ်မှာပေါ့ "

ရှောင်ကျန့် ပြောပြီး မောသွားသည်။ စကားတွေ
အများကြီး အသက်မရှုပဲ ပြောလိုက်တော့အတော်လေးမောသည်။ ဝမ်ရိပေါ်က တစ်ခြားတစ်ယောက်ရှာမယ်

ဟေ့  ငါ့ကို ပါးပါးလို့ မခေါ်နဲ့(Hey,  don't call me 'PaPà')Место, где живут истории. Откройте их для себя