< 2 >

2.5K 179 2
                                    

[ unicode ]

ရှောင်ကျန့် ထမင်းစားပွဲမှာ ထိုင်ရင်းကြံရာမရဖြစ်နေသည်။ ရှောင်​ပါးနဲ့မားက ဝမ်ရိကျန့်ပေါက်စကို
ခေါ်ပြီး အိမ်ကိုအလည်လာဖို့ ခေါ်နေခြင်းကြောင့်
ဝမ်ရိပေါ်ကို ဘယ်လိုပြောမှန်းမသိဖြစ်နေကာ
သိပ်မစားမိ။ သူ့အဖိုးတန်းသားလေးကို မထင်ရင်
မထင်သလို နှိပ်စက်တတ်တဲ့ သူနဲ့ညအိပ်ထည့်ပါ့
မလား ။ ရှောင်မားရဲ့ 'နင့်စတူဒီယို ပိတ်ချင်ရင် မလာနဲ့' လို့ပြောတာကြောင့် ရှောင်ကျန့် မသွားမဖြစ်ပါ။

စတူဒီယို ပိုင်ရှင်ရှောင်ကျန့်ဟာ လူပျိုလူလွတ်ဖြစ်
ကြောင်းကို အာမခံချက်အပြည့်နဲ့ စဖွင့်တဲ့နေ့ကတည်းက အလံလွှင််ခဲ့လေသည်။ အနုပညာလော
ကမှာ ရှောင်ကျန့်ရဲ့နာမည်အသင့်တင့်ရှိပြီး အနုပညာ
လောကကြောင်းလည်း နားလည်သည် ။ အလိမ်အညာနဲ့ စတင်ထားတာကြောင့် အဲ့အလိမ်ညာ
သာ ပေါ်သွားရင် သူတော့ ဘိုင့်ဘိုင်ဆိုကာ ဝမ်ရိပေါ်
အနားပြန်ကပ်နေရလိမ့်မည် ။

မဖြစ်ဘူး ဘဲကြီးသူ့ကို အထင်သေးလို့ မဖြစ်ဘူး!

" ဟို ဝမ်ရိပေါ် "

" အင်း"

တစ်ဖက်ခုံမှာထိုင်နေတဲ့ ဝမ်ရိပေါ်က သူ့ကိုလှည့်မကြည့်လာပဲ အသံပေးကာ ဆက်ပြောလို့ပြောနေသလို။
ဇွန်းနဲ့ဖြည့်စွက်စာ ခွံနေတာပဲ အာရုံထားသည်။
ဒါပေမဲ့ ရှောင်ကျန့်ကိုလည်း နားစွင့်နေမည် ဆိုတာ
သိသည်။ ဝမ်ရိကျန့်ကလည်း ပါးစပ်ကသာ သူ့
ဒယ်ဒီဘက်ပေးထားတာ မျက်လုံးက ရှောင်ကျန့်ကို
ငေးပြီးကြည့်နေသည်။ တမြုံမြုံဝါးစားကာ ပါးဖောင်းဖောင်းလေးတွေနဲ့ ကလေးပေါက်စကြောင့်
ကိုက်ချင်စိတ်က ပေါ်လာသည်။ လက်တွေခြေတွေ
ပါးတွေက ရှောင်ကျန့် ဒီပေါက်စကို စမြင်ကတည်းက ကိုက်ချင်နေတာဖြစ်သည် ။မြင်မြင်ချင်း
ကိုက်ချင်အောင် ဆွဲဆောင်မှုကောင်းတဲ့ ကလေးပေါက်စပါလေ။

" ဟို "

"...."
ဘာမှတော့ ပြန်မပြောလာပေမဲ့ မျက်ဝန်းအကြည့်တွေ နူးညံစွာနဲ့တော့ တစ်ချက်ကြည့်လာသည် ။
ဒါ့ကြောင့် ရှောင်ကျန့် ပြောဖို့အားယူကာ

" ပေါက်စ ကျောင်းဆင်းရင် ပါးနဲ့မားဆီအလည်
ခေါ်သွားမလို့ "

ဟေ့  ငါ့ကို ပါးပါးလို့ မခေါ်နဲ့(Hey,  don't call me 'PaPà')Où les histoires vivent. Découvrez maintenant