< 6 >

1.5K 138 7
                                    

" ကိုကို? "

" အဟမ်း ကိုယ်ရှိတယ် "

ရှောင်ကျန့် မျက်လုံးကိုအသာဖွင့်ကြည့်တော့ ကိုကိုက သူ့ဘေးမှာ တောင့်တောင့်ကြီး ထိုင်နေတာကြောင့်
ထပ်ခေါ်လိုက်သည် ။ အိပ်ချင်စိတ်က မပျောက်သေး
သလို မျက်လုံးကလည်းအရှင်းမမြင်ရသေးလို့များ
လား သူ့မျက်လုံးက ဝေဝေဝါးဝါးဖြစ်နေတာကြောင့် မျက်လုံးကို အသာပွတ်လိုက်သည် ။

" မျက်လုံးတွေ အရမ်းမပွတ်နဲ့လေ နာကုန်မယ် "

" ဟင့် ဝမ်ရိပေါ် လူကြီး ခင်ဗျားက ကျုပ်အပိုင်
ဟုတ်တယ်နော် "

အတည်ပြုချင်သလိုလေး ပြောလာတဲ့ ကလေး
ကြောင့် ဝမ်ရိပေါ် စိတ်မကောင်းဖြစ်မိသည် ။
သူ့မှာ ဒီကလေးလေးကို ဘယ်လောက်တောင်ချစ်လိုက်ရသလဲ ။ မျိုးဆက်ကိုချစ်လွန်းတဲ့ မားတို့ကို
တောင် ဆန့်ကျင်ပြီး ကလေးကိုချစ်လွန်းလို့ အရ
ယူခဲ့ရတာ ။ ကံကောင်းစွာနဲ့ပဲ ကလေးက သူ့ဘဝထဲ
ကို ဝမ်ရိကျန့်လေးကို ပါ ခေါ်ဆောင်ပေးခဲ့သည်
လေ။

" အင်း ကိုယ်က ကလေးရဲ့အပိုင် "

" ဟီးဟီး "
ထိုမှ ပြုံးလာတဲ့ လူသားလေး ။ မျက်လုံးဝိုင်းဝိုင်း
လေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ သူ့အမျိုးသား
လေး ။

" ဟင် မာနေတယ် "

ရှောင်ကျန့် မျက်လုံးလေး ပြူးသွားသည် ။

" နေ နေရတယ် "

"ကိုကို သားကိုလေ ယူ အင့် အွန်း.. "

...

နာရီကို​ကြည့်လိုက်တော့ မနက်၂နာရီသာရှိသေးသည်။ ရှောင်ကျန့် အိပ်ပျော်နေတဲ့ ဝမ်ရိပေါ်ကြီး
ကိုကြည့်ရင်း ငေးနေမိသည် ။ ဝမ်ရိပေါ်ဆိုတာ
သူ့တို့ကျောင်းက လူတိုင်းကြိုက်တဲ့ရေခဲတုန်းနှင်းဆီခိုင်ကြီး ။ လူတိုင်းဆိုတဲ့ အထဲမှာ သူလည်း ပါတာ
ပေါ့ ။ အေးစက်စက်မျက်နှာနဲ့ တည်တင်းနေတဲ့
အမူအယာတွေ​ကြောင့် လူတွေအနားကပ်နိုင်စွမ်းမရှိ
ကြ ။ အဝေးကလှမ်းကြည့်ရင်တောင် ရှိန်လွန်းတဲ့
အရောင်အဝါတွေကြောင့် ချစ်ခွင့်ပန်တဲ့သူခပ်ရှား
ရှား။

ကျောင်းတစ်ရက်တစ်နေ့မှာ သူ ဝမ်ရိပေါ်ကြီး
အတန်းကို သွားချောင်းသည် ။ အတန်းအလယ်မှာ
အေးစက်စက်အမူအယာနဲ့ တောင့်တောင့်ကြီးထိုက်ကာ ဆရာမပြောသမျှ နားထောင်နေသောသူ ။
ဘေးဘီကိုတစ်စက်မှ လွှဲကြည့်ခြင်းမရှိသလို ။စာအုပ်နဲ့ ဆရာမရှိရာကို သာ ကြည့်တတ်တဲ့
တောက်ပစူးရှလွန်းတဲ့ မျက်ဝန်းတစ်စုံ ။
တိုက်ခတ်နေတဲ့ လေနုအေးအေးလေးကပါ သူ
ဝမ်ရိပေါ်ကြီးပေါ် ကြွေဆင်းမိအောင် အားပေးနေသလို ။ စိတ်ထဲ တစ်ဟိဟိ ရယ်မိကာ ပျော်ရွှင်မိသည်
အထိ ။

ဟေ့  ငါ့ကို ပါးပါးလို့ မခေါ်နဲ့(Hey,  don't call me 'PaPà')Where stories live. Discover now