< 4 >

1.8K 129 1
                                    

[ unicode ]

" အင်း အဲ့ဆို မနက်ဖြန်အဆင်ပြေလား တစ်ချက်မေးကြည့်လိုက် အဆင်မပြေရင်တော့ စာချုပ်ကိစ္စပြန်စဥ်းစားရအောင်လို့"

"........ "

" အဆင်ပြေတယ် ဟမ့်! ငါ့ကိုအရွဲ့တိုက်တော့
သူပဲ နစ်နာမှာ နေပါစေ"

"........ "

" အင်း မနက်မှ တွေ့မယ်"

ရှောင်ကျန့် ဖွင့်ထားတဲ့စတူဒီယိုက အလယ်လတ်စား
အရွယ်သာရှိပေမဲ့ မော်ဒယ်နဲ့အနုပညာရှင်တွေကြား
မှာ အတော်လေးရေပန်းစားသည် ။ ဝါသနာအရရော
ပိုက်ဆံကြောင့်ပါ လုပ်ကိုင်ရတဲ့ ဒီအလုပ်က သူ့အတွက် အဆင်ပြေသည် ။ တစ်ခါတစ်လေ အိမ်က
လူကြီးပါလာရင်တော့ ပြဿနာနည်းနည်းတော့ တက်သည် ။ အခုဖြစ်နေတဲ့ ပြဿနာက မကြီးပေမဲ့
စဖွင့်ကတည်းက လက်တွဲလာတဲ့ မော်ဒယ်မမက
ရှောင်ကျန့်တို့ကို တစ်ကွက်​​ပြချင်နေတာပင် ။

မကြာခင်ကမှ ဝမ်ရိပေါ်ဆိုတဲ့ စီးပွားရေးလောက
က ဘုရင်လို့တင်စားရတဲ့သူ့အမျိုးသားကို ဒီမိန်းက
လေးက ချစ်ကြောင်း ကြိုက်ကြောင်း သူတို့ကိုအသိ
မပေးပဲ ဖွင့်ဟခဲ့ခြင်းပင် ။ ဒါကို ရှောင်ကျန့်သိသိချင်း
အတော်လေးစိတ်တိုခဲ့ရသည်။ မန်နေဂျာဆိုသူကလည်း သူ့မော်ဒယ်ကိုအလိုလိုက်လွန်းပြီး အားပေး
မြောက်လုပ်လွန်းသည် ။ အနုပညာရှင်တိုင်း အလှအပကိုစိတ်ဝင်စားကြတာမှန်ပေမဲ့ အဲ့မော်ဒယ်ကတော့ ၂၄နာရီမှာ ၂၃နာရီလောက်က အလှအပကို
စိတ်ဝင်စားနေတာဖြစ်သည် ။ ယုစွအဆုံး အိမ်သာ
တက်ရင်တောင် 'ငါလှပါ့မလား'လို့ စိတ်ဝင်စားနေ
တာဖြစ်သည် ။

" မအိပ်သေးဘူးလား "

အိပ်ယာပေါ်မှာ လပ်တော့နဲ့အလုပ်လုပ်နေသူက သူ့
ကိုဘယ်ကတည်းက အာရုံရောက်နေလဲ မသိ။ ရှောင်
ကျန့်ဖုန်းပြောပြီးပြီးချင်းတစ်ဖက်လှည့်တော့ ဝမ်ရိပေါ်နဲ့ မျက်လုံးချင်းဆုံမိတာဖြစ်သည် ။

" မဟုတ်ပါဘူး အိပ်တော့မှာ"

ရှောင်ကျန့်ခေါင်းခါယမ်းပြလိုက်ပြီးဖုန်းကို ကုတင်ဘေးတင်ကာ အိပ်ယာပေါ်လှဲလိုက်သည် ။ ကြာကြာ
မျက်လုံးချင်းလည်း မဆုံရဲ ။ ခုနကအနမ်းကြောင်း
စဥ်းစားလိုက်ရင်တောင် ပါးပြင်က ပူတက်လာသည်ထိရှောင်ကျန့် ရှက်မိသည် ။ သူလည်စေ့ကို ကိုက်လိုက်တာက စိတ်တိုလွန်းလို့ လုပ်မိရာလုပ်လိုက်တာပင်။ အော်ရယ်နေတဲ့အထိ သူစကားကအတော်လေး
ရယ်စရာကောင်းနေလို့လား ?

ဟေ့  ငါ့ကို ပါးပါးလို့ မခေါ်နဲ့(Hey,  don't call me 'PaPà')Kde žijí příběhy. Začni objevovat