<8>

906 63 3
                                    

(နောက်တစ်ပိုင်း ပြီးရင် ဇတ်ကြောင်းပြန်နေတာပြီးပါပြီနော် ရှောင်းအဆိုးလေးက မှတ်ဥာဏ်တွေပြန်ရပြီးနောက်မှာ ပိုဆိုးဦးမှာ😉)

" ဟို ရိပေါ်ကော "

ရှောင်းကျန့် အအေးသောက်နေရတာလည်း စိတ်မပါတော့ပါ ။ အကြောင်းမှာ သူအအေးသောက်နေတဲ့တစ်လျှောက်လုံး ဝမ်ရိပေါ်ကောက သူ့ကိုမျက်တောက်မခတ်ကြည့်နေခြင်းကြောင့်ပင်။ သူက စတော်ဘယ်ရီမစ်ရှိတ်လေးကို ရေခဲလျော့ထည့်ပြီး သောက်နေခြင်းပင် ။မနက်အစောကြီးကို ဘာလို့သောက်ရတာလဲဆိုတော့ မနက်အစောကြီးကြောင့်ရယ်လို့မဟုတ် လိုက်ကြည့်နေတဲ့ ကျန်းချန်လည်းမရှိတာကြောင့် အအေးကိုသောက်ရခြင်းကြောင့်!

အဲ့ဆူထော်လာတဲ့ နှုတ်ခမ်းလေး

ဝမ်ရိပေါ်မျက်နှာက မှောင်မိုက်သိပ်သည်းလာတာကို
အရှေ့က ကလေးလေးမမြင်ရအောင် မနည်းထိန်းထားရသည်။ ကလေးလေးက သူ့ရဲ့မှောင်မိုက်တဲ့အကြည့်ကို နားမလည်လောက်ပေမဲ့ သူ့ကိုတော့ကြောက်စရာ ကောကောလို့ထင်သွားလို့မရပေ။

" က အမ် ဘာပြောစရာရှိလို့ ကိုယ့်ကိုချိန်းတာလဲ "

" အင့်! "

သူ့အသံက မာသွားတာ မဟုတ်ဘူး နည်းနည်းဆိုမှ နည်းနည်းလေး မာသွားတာ တဂယ်တော့ မာတယ်ဆိုတာလည်း မဟုတ်ရပါ ။ သူ့ရဲ့ပုံမှန်ဆိုတဲ့ လေသံက ကလေးတွေကြောက်စရာလို့ ထင်ကြတာ ငယ်စဥ်ကတည်းက ။

" မျက်ရည်တွေကျနေတာ ကလေးလည်းမဟုတ်ပဲကွာ "

" ကျန့်ကျန့်က အင့် ငိုချင်လို့မဟုတ်ပါဘူး "

ပြောကာဖြင့် လက်ဖမိုးလေးနဲ့ မျက်နှာတစ်ပြင်လုံးက မျက်ရည်တွေကို ဖိသုတ်နေသည် ။

မနေတတ်တော့တဲ့ ဝမ်ရိပေါ်ကပဲ ကလေးလေးဆီသွားကာ တစ်သျူးနဲ့ကိုယ်တိုင်ကိုယ်ကျ သုတ်ပေးလိုက်သည် ။ ကလေးလေးကတော့ သိတဲ့အတိုင်းပဲ ဖြူစင်အပြစ်ကင်းလှတဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ မျက်တောင်မခတ်ကြည့်နေတာပေါ့ ။

" မကြည့်နဲ့တော့! "

" ဟေ့ ငကျန့် အစောကြီးရောက်နေတာလား "

ဟေ့  ငါ့ကို ပါးပါးလို့ မခေါ်နဲ့(Hey,  don't call me 'PaPà')Dove le storie prendono vita. Scoprilo ora