[ unicode ]
" ရှောင်းကျန့် မင်းအိမ်မပြန်သေးဘူးလား "
ဘေးနားကမေးလာတဲ့ ကျိုးချန်။ ဖြစ်ပျက်နေတဲ့
သူ့ကိုသိပုံမပေါ်သေး။ ဒီကောင်တော်တော်ပိန်းတာပဲ
သူ့ဒီလောက် ဝမ်ရိပေါ်ကြီးကို crushနေကြောင်း
ကျောင်းကလူတိုင်းနီးပါးသိတဲ့အရာလေ။" ဝမ်ရိပေါ်တို့အတန်းက အချိန်ပိုရှိလို့မဆင်းသေးဘူး"
" ဟင် ရှောင်းကျန့် မင်း မင်း ဝမ်ရိပေါ်ကို "
" သိပြီဆိုလည်း ပါးစပ်လေးကိုပိတ်ထား ငါနဲ့အတူစောင့်ချင်လည်းစောင့် မစောင့်ချင်လည်း ပြန်တော့"
မင်းကလည်းကွာ ဆိုပြီး ဘေးနားကငုတ်တုတ်ထိုင်နေသည်။ ဘာပဲပြောပြော အဖော်တော့ရတယ်လေ။
နာရီဝက်ကျော်ကျော်လောက်စောင့်ပြီးနောက်မှာ အချိန်ပိုအတန်းဖြစ်တဲ့ဝမ်ရိပေါ်တို့အတန်းကကျောင်းသားတွေအကုန်ထွက်လာကြသည်။ ရှောင်းကျန့်တို့ထက် အတန်းကြီးတာကြောင့် သူတို့နဲ့ယှဥ်ရင်အရပ်ပိုပုသည်။
" ဟေ့ ဂျုနီယာလေးတွေ ကောတို့ကိုစောင့်နေတာလား"
" သေလိုက်လေ "
မျက်နှာစိမ်းအကိုကြီးစကားကို ပြန်ခံပတ်လိုက်တဲ့
ကျိုးချန် ။ သူတောင်မယုံနိုင်ဖြစ်သည်အထိ ကျိုးချန်ဆိုတာအမြဲကြောက်တတ်တဲ့ကောင်လေ။ ဟိုအကိုကြီးကိုကြည့်လိုက်တော့လည်း ကျိုးချန်စကားကြောင့် ပြုံးနေသည်။နောက်ဆုံးမှာ ရှောင်းကျန့် အာရုံအလုံးစုံက အရပ်ရှည်ရှည်နဲ့ကျောင်းယူနီဖောင်းဝတ်ထားတဲ့ ဝမ်ရိပေါ်ဆီအလုံးစုံရောက်သွားသည်။ ပုံမှန်လည်း မျက်နှာတည်ပြီးခပ်ချေချေ ပုံစံဖြစ်သည် ယခုအခါတော့
ရှောင်းကျန့်ကိုကြည့်တဲ့အကြည့်တွေက ရေခဲအမှတ်ကိုရောက်တော့မတတ် ရှောင်းကျန့်အမှားလုပ်သူတစ်ဦးလို မလုံမလဲဖြစ်ပြီး အကြည့်လွဲလိုက်ရတော့
သည်။ခဏနေတော့ သူ့ဘေးနားက ဖြတ်လျှောက်သွားကာ
ကော်ရစ်တာက ဝမ်ရိပေါ်ကြီးရဲ့အရိပ်ပျောက်သွား
သည်အထိ ရှောင်းကျန့်ငေးနေမိသည်။" ရှောင်းကျန့် ငါတို့ပြန်ကြစို့လေ"
" ဂျူနီယာလေးကလည်း ကောတို့နဲ့အတူပြန်အောင်လေ "
YOU ARE READING
ဟေ့ ငါ့ကို ပါးပါးလို့ မခေါ်နဲ့(Hey, don't call me 'PaPà')
Romanceအတိတ်မေ့နေတဲ့ ရှောင်ကျန့်လေးက ဒယ်ဒီဝမ့်ကို အနိုင်ကျင့်ပေါင်း ၁၀၀..... photo crd from internet🍀🍀 အတိတ်မေ့နေတဲ့ ရှောင်ကျန့်လေးက ဒယ်ဒီဝမ့်ကို အနိုင်ကျင့်ပေါင်း ၁၀၀..... photo crd from internet🍀🍀