Chapter-8

780 58 0
                                    

Rhythm of love(Chapter 8)

"ခေါင်းလုံးလုံးလေးက အသဲယားစရာ.."

ဟ.. ဒီလူကတော့။ ရှက်သလိုလို ရှိန်းတိန်းတိန်းနှင့် လှည့်လဲ မကြည့် အိမ်တံခါး password ဖွင့်တာတောင် အယောင်ယောင် အမှားမှား။

ကိုယ့်အိမ် password ကိုယ် မှားနှိပ်ရင် ကြားမကောင်းဖြစ်တော့မည်မို့ စိတ်ကို ထိန်းရင်း တံခါးဖွင့်လိုက်တော့သည်။

အခန်းဆီ​ရောက်​​တော့ အခန်း အ​တော်ကျယ်တဲ့အပြင် အ​ရောင်နု​လေး​တွေ သစ်သားပစ္စည်း​လေး​တွေသုံးထားတာများတာ​ကြောင့် မျက်စိ​အေးပြီး ရိုးရိုးရှင်းရှင်း​လေးနဲ့ ​နေချင်စဖွယ်ပင်။

နေတဲ့ apartment ရယ် အခန်းရယ်​ကြောင့် Tae က ​တော်​တော်​တော့ချမ်းသာ​ကြောင်း ရိပ်စားမိပါသည်

''ခဏထိုင်ဦး ကျွန်​တော် စားဖို့သွားလုပ်လိုက်ဦးမယ် "

'' ကိုယ်ကူလုပ်မယ်​လေ tae "

'' ရတယ်ရတယ် ထိုင်​နေ ကျွန်​​တော်လုပ်တာ မြန်တယ်ရယ် "

စိတ်မရှုပ်​စေချင်တာ​ကြောင့် ​ပြောတဲ့အတိုင်း ဧည့်ခန်းမှာဘဲထိုင်​နေလိုက်သည်

မျက်လုံးက ဝေ့ဝိုက်ကြည့်မိတော့ ဧည့်ခန်းထဲက မှာ ဓါတ်ပုံ​တွေအများကြီး။

Tae ပုံ​လေး​တွေလဲပါတာမို့ အနီးကပ်ကြည့်ချင်တာ​ကြောင့် ခွင့်လှမ်း​တောင်းလိုက်သည်

'' Tae ကိုယ်ပုံ​လေး​တွေအနီးကပ်သွားကြည့်လို့ရလားဟင် "

မီးဖို​ချောင်ထဲက ခပ်သြသြ အသံ​လေးတစ်ခု ပြန်ထွက်လာသည်။

''အင်းရတယ် ကိုင်​တော့မကိုင်နဲ့​နော် ကြည့်တာကကြည့်လို့ရတယ် "

"ဟုတ်ပါပြီ.."

ခွင့်ပြုချက် ရပြီဆိုတော့မှ အခန်းထဲလှည့်ပတ်ကြည့်​တော့ Tae ကတစ်နိုင်ငံသွားပြီးတိုင်း အထင်ကရ​နေရာမှာ ရိုက်ထားတဲ့ polaroid ပုံ​လေး​တွေကို ကပ်ထားတဲ့အကျင့်ရှိပုံရသည်။

နောက်တစ်​နေရာ​ရောက်​တော့ မိသားစု ဓါတ်ပုံ​လေးချိတ်ထားတယ် Tae ကတစ်ဦးတည်း​သောသား ဖြစ်ပုံရသည် အဖေအမေ ကြားထဲမှာ သွားလေးတွေ ပေါ်တဲ့အထိ ရီနေတာ။

Rhythm of Love "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now