Chapter 11

777 47 0
                                    

Rhythm of Love (Chapter-11)

Hotel က ဖုန်းက ထမြည်လာတာကြောင့် Taehyung တစ်ယောက် မထချင်ထချင်နဲ့ဖုန်းကောက်ကိုင်လိုက်သည်။

''Mr. Kim Taehyung ဧည့်သည်ရောက်နေပါတယ် အဆင်ပြေရင် lobby ကို ခဏဆင်းလာပေးပါ ဧည့်သည်ကစကားပြောချင်လို့ပါတဲ့"

ဟမ်...ဘယ်ကဧည့်သည်တုန်း paris မှာအသိမှ မရှိပါဘဲနဲ့။ daddy အသိတွေ ဘာတွေများလား အဲ့လိုဆိုရအောင်လဲ daddy ကိုဘယ် hotel မှာတည်းနေတယ်လို့မပြောမိပါဘူး

မစဉ်းစားတတ်တော့တာကြောင့် ဘယ်သူလဲ ကိုယ်တိုင်မြန်မြန်သွားကြည့်ဖို့သာ အကျီအမြန်ကောက်လဲပြီး hotel ရဲ့ ဧည့်သည်တွေ့လို့ရတဲ့ နေရာဘက်ကို ခပ်သွက်သွက်လျှောက်လာမိတော့တွေ့လိုက်ရသူက

''Hello tae , morning!!  "

''အယ် ခင်ဗျား ..???? ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ "

''Tae တစ်ယောက်တည်းဖြစ်နေမှာဆိုးလို့ "

omg !!!! ဒီလူတကယ်ဘဲဒီထိတောင်လိုကိလာတာလား

''Tae ကို vlog ရိုက်တဲ့နေရာမှာကူညီပေးမလို့ လိုက်လာတာစိတ်မဆိုးဘူးမလား"

လူက်ုတွေ့တာနဲ့ စိတ်ဆိုးလားကနေဘဲ စမေးနေတော့တာဘဲ။

'' မဆိုးပါဘူး ကျွန်တော်အဖော်တောင်ရသေးတယ် အခုထိ မယုံနိုင်သေးတာ ခင်ဗျားဒီထိလိုက်လာတယ်ဆိုတာ "

''နေပါဦး ကျွန်တော်ဒီ hotel မှာတည်းတယ်ဆိုတာဘယ်လိုလုပ်သိလဲ

''tae ဘဲ ကိုယ့်ကို hotel မှာရိုက်ထားတဲ့ပုံတွေပြတယ်လေ အဲ့တော့ hotel ကလဲ ကိုယ်အလုပ်ကိစ္စနဲ့လာတိုင်း တည်းနေကြ hotel ဆိုတော့ မြင်လိုက်ရုံနဲ့တန်းသိတာပေါ့ "

''အော်အဲ့လိုလား လန့်သွားတာဘဲ ကျွန်တော့်နောက်များနောက်ယောင်ခံလိုက်ခိုင်းထားတာလားလို့ "

''အဲ့လိုမျိုးတွေမလုပ်ပါဘူး စိတ်ချပါ "

''Tae ဒီညနေ လေယာဉ်နဲ့နောက်တစ်နိုင်ငံ ကူမှာမလား "

''အင်းဟုတ်တယ် Spain ကို "

''အဲ့တာဆို ကိုယ့်လေယာဉ်နဲ့ဘဲသွားမယ်လေ Taeသက်တောင့်သက်သာရှိတာပေါ့ "

''ကိုယ်ပိုင်လေယာဉ်နဲ့လာတာလား "

''အင်းဟုတ်တယ်  "

Rhythm of Love "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now