Chapter-19

671 37 2
                                    

Rhythm of  Love (Chapter -19)

Jungkook ရဲ့ private jet နဲ့ဘဲ သွားဦးမှာမို့ အေးအေးဆေးဆေးပင်။

ကော်ဖီခွက်လေးကိုင်ကာ အရသာခံနေတုန်း..

"Seoul မပြန်ချင်သေးရင်လေ Spain နဲ့ အနီးနားမှာ portugal ရှိတယ် သွားဦးမလား"

ဟိုနေ့ကဘဲ seoul ပြန်ဖို့ ကိစ္စအကုန်ပြောပြီးပြီကို အခုမှ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံသွားတာကို ကလေး ကစားကွင်းလိုက်ပို့ သလို လုပ်နေတာ။ ဟိုသွားမလား ဒီသွားမလားနဲ့..

"ဟိုးတစ်ခါ ထဲက နှစ်နိုင်ငံလို့ဘဲပြောတယ်လေ ဟိုနေ့ကတောင် seoul ပြန်မယ်ဆိုပြီး ပြောနေသေးတာကို ဘာထဖြစ်တာလဲ Jeon"

"ဒီတိုင်းသွားချင်မလားလို့ပါ"

Taehyung အဲ့ဒါ သူနဲ့ မခွဲချင်လို့ လုပ်နေတာ ရိပ်စားမိပါသည်။ seoul ပြန်ရောက်လဲ မခေါ်မပြောဖြစ်တော့မှာ ကျနေတာပဲ။

"ထပ်သွားဖို့ မေးနေတာဆိုတော့ အလုပ်တွေ အကုန်ပြစ်ထားပြီးတော့လား"

"ရပါတယ် အတွင်းရေးမှုး..-"

နှုတ်ခမ်းပေါ် ဖွဖွတစ်ချက်နမ်းလိုက်သည်။

"ကျွန်တော့ကြောင့်နဲ့ ဘာလို့ အလုပ်ပျက်မှာလဲ။ ကျွန်တော် ပူဆာလို့ သွားရတယ်ဆိုရင်တောင် ဟုတ်ဦးမယ် အခုဟာက Jeon က ကျွန်တော်နဲ့ မခွဲချင်လို့မလား။ ကျွန်တော် ပြောပြီးပြီလေ ပြစ်ထားမှာ မဟုတ်ပါဘူးလို့.."

"ဟုတ်ပါပြီ။ ဒါဆိုလဲ ပြန်မယ်"

"အင်း.."

ကိုယ်ပိုင်လေယဉ်မလို့ ချောင်ချောင်ချိချိ ခုံတွေ အများကြီး ရှိသော်လည်း Jungkook က Taehyung ပေါင်ပေါ်မှာသာ ခေါင်းအုန်းထားသည်။

"အိပ်မလို့လား အိပ်အိပ်.."

Jungkook ဆံပင်တွေကြား လက်လေးထည့်ပြီး ဆော့နေသည်။ အမှန်တော့ Jungkook က ဇိမ်ခံနေတာ။

အစကတော့ Taehyung အိပ်မပျော်သေး။ အရင်လို ဇွတ်မအိပ်ဘဲ ဒီတစ်ခါတော့ အပြင်ဘက် ရှုခင်းကြည့်ရင်းသာ လိုက်ပါလာသည်။

ခရီးတစ်ဝက်လောက်ကြာတော့ သူပါ ခေါင်းလေးမှီကာ အိပ်ပျော်လို့။

Rhythm of Love "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now