Chapter-18

627 41 0
                                    

Rhythm of Love( Chapter -18)

ညဘက် ညည့်နက်မှ အိမ်ပြန်ဖြစ်ခဲ့ကြသည် လမ်းတစ်​​​လျှောက်အလာတုန်းကနှင့်မတူ လူ​တွေ​တောင်ရှင်း​စပြု​နေပြီ။

နှစ်​ယောက်တည်း​အေး​အေးလူလူလမ်း​လျှောက်လာရင်း လမ်း​ဘေးက အမှတ်တရ ​ရောင်းတဲ့ဆိုင်က မပိတ်​သေးဘဲရှိ​နေတာ​မို့ Taehyung လျှောက်ကြည့်ရင်းတွေ့သွားလေတော့..

"ဟို ဆိုင်လေး သွားကြည့်ရအောင်.."

"သွားလေ.."

ဆိုင်ထဲဝင်ဝင်လိုက်တာနဲ့ spain vibe အပြည့်။

အထင်ကရဖြစ်သည့် ရောင်စုံ ယပ်တောင်များကို သပ်ရပ်စွာ ပုံဖော်ထားပြီး နံရံတစ်ပြင်လုံးမှာ ကပ်ထားသည်။

ကြည့်လို့ မလောက်နိုင်တဲ့ ယပ်တောင်တွေ ကြည့်လို့မဝတဲ့ အိုးလေးတွေက အစီအရီ။

အကောင်အရုပ်တွေဆိုလည်း ခေါင်းမူးလောက်အောင်လို့ ရောင်စုံတွေက တောက်ပနေတော့သည်။

Jungkook လည်း Taehyung ပစ္စည်း​ရွေးတာကို ​ဘေးက​နေ​စောင့်ကာ ဆိုင်တစ်ခုလုံး​လျှောက်ကြည့်မိသည်။

ထိုထဲကမှ Taehyung မျက်စိကျသွားတာက လက်ကောင်ဆင်တူလေး..။

အနီနဲ့ အဝါနဲ့ စပ်ပြီး လုပ်ထားပြီး Spain ရဲ့ flag အရောင် အပေါ်မှာ "ESPAÑA " လို့ရေးထားတဲ့ လက်ကောက်လေး။

[ESPAÑA = Spain]

"Spain ရောက်ခဲ့တယ်ဆိုမှတော့ ဒီလက်ကောက်လေးက အသင့်တော်ဆုံးလေ"

Jungkook လက်မှာ သွားချိန်ပြီး သူ့လက်မှာလဲ တစ်ခု။

"အခု ဝတ်ရမှာလား တောက်လွန်းနေတယ် မထင်ဘူးလား"

"သိမ်းထားရုံပါ .. အမှတ်တရ တကယ် ပတ်ဖို့က ဒီမှာ.."

အညိုရောင် ကြိုးလေးကြားမှာ ကမ္ဘာ့မြေပုံကနေ Spain ကို ဝိုင်းပြထားသည့် လက်ကောက်လေးက classic ဆန်လွန်းသည်။

ကအ​တော်သ​ဘောကျစရာ​ကောင်းတာမို့ ဆင်တူ​လေးနှစ်ခုဝယ်သည်။

''လာကိုယ်ဝတ်​ပေးမယ် "

ဆန့်ထုတ်လာတဲ့လက်ကို လက်​ကောက်ဝတ်​ပေးရင်း ဆိုလိုသည်

''Tae နဲ့လိုက်တယ် "

''လာ Jeon ကိုလဲဝတ်​ပေးမယ် "

Rhythm of Love "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now