Rhythm of Love (Chapter -20)
အတွင်းရေးမှုးဟန် တစ်ယောက် ခပ်သွက်သွက် ရုံးခန်းထဒ ဝင်လာသည်။
"သူဌေး"
"ပြော.."
"ဒီည dinner party တစ်ခုရှိတယ်နော်.."
"ဟမ်.. မနက်ဖြန်မှပါ.."
"ဒီနေ့ဗျ ဒီမှာ.."
"ငါ ရက်မှားမှတ်နေတာ.."
"ထင်လိုက်တယ် သူဌေး အဲ့ဒါကြောင့် လာပြောတာ ဝတ်စုံ ပြင်ဆင်ထားပါနော်.. ပြီးတော့ ဟို.. partner ခေါ်ချင်လဲ ခေါ်ထားပေါ့"
ခေါင်းတစ်ချက် ငြိမ့်ပြလိုက်တော့ အတွင်ရေးမှုးဟန်က ရုံးခန်းထဲက ပြန်ထွက်သွားသည်။
ဝတ်စုံကတော့ ပြသနာ မရှိ။ ဆိုင်တစ်ဆိုင်သွားပြီး တန်းဝယ်ရင် လွယ်သည်။ Partner ဆိုတော့မှ Tae ကို ခေါင်းထဲ ပေါ်လာသည်။ ပြီးကာမှာ.. 'အာတော်ပါပြီ.. social influencer တစ်ယောကမလို့ သတင်းတွေက မြန်မြန်ပြန့်ကုန်ပြီး Tae အတွက် အဆင်မပြေလို့ မဖြစ်ဘူး'
ရပါတယ်..။ အရင်လဲ partner မပါဘဲ တက်နေကျဘဲ ဒီနှစ်လဲ ထုံးစမ်အတိုင်းပေါ့။
အချိန်ကြည့်လိုက်တော့ နေ့လည် ၁ နာရှီ။ ၃ နာရီလောက်ကျမှ ဝတ်စုံသွားကြည့်တော့မည် ဟု ဆုံးဖြတ်ကာ အလုပ်သာ ဆက်လုပ်နေသည်။
'ဒေါက်..ဒေါက်'
"ဝင်ခဲ့"
အတွင်းရေးမှုန်းဟန် ပြောစရာရှိလို့ ထပ်လာတာ ထင်တာကြောင့် မော့မကြည့်ဘဲ ငုံ့ကာ အလုပ်ဆက်လုပ်နေလိုက်သည်။
ခုံ အရှေ့တည့်တည့်မှာ လာရပ်တာကြောင့် ရုတ်တရက် ကြောင်သွားသည်။ ရင်းနှီးနေသည့် ရနံ့ကြောင့် မော့ကြည့်တော့..
"Tae..!"
"ဟီး.. လန့်သွားလား"
နေရာမှ ချက်ချင်း ထပြီး ဖက်ထားတော့ သူ့ကို..
"လှည့်တောင် မကြည့်ဘဲနဲ့.."
"အတွင်းရေးမှုးဟန် ထင်နေတာနဲ့.."
"ကျွန်တော်နဲ့ အတွင်းရေးမှုးကိုတောင် မကွဲဘူးလား"
တွေ့တာနဲ့ ရစ်တာခံရပါသော Jungkook
"အလုပ်ကို အာရုံများသွားတာ Tae ရဲ့ ဆီကအနံ့လေးက မွှေးလိုက်တာ"
YOU ARE READING
Rhythm of Love "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"
RomanceJeon Jungkook & Kim Taehyung| 12.7.2022-13.7.2023| Jeon_Kary_Vin