Rhythm of Love(Chaper-24)
'တင်'
ပါမုန့်မီးကင်စက်ကြားက ထွက်လာသည့် ပါမုန့်လေးနှစ်ချပ်အား ယူပြီး စတော်ဘယ်ရီယိုသုတ်ကာ ကော်ဖီတစ်ခွက်နှင့် စတင်လိုက်သည့် မနက်ခင်း..။
ပြတင်းပေါက်ကနေ အပြင်ကိုကြည့်တော့ ရာသီဥတုကလဲ သာသာယာယာ..။ စာကလေးများပင် ပြတင်းပေါက် ဘောင်ပေါ်မှဦ သာယာနေတော့သည်။
အနီးနားရှိအရာတိုင်း အေးချမ်းနေပေမယ့် မအေးချမ်းနိုင်တာက သူ..!!
Jeon က သူ့မိဘတွေနဲ့တွေ့ရအောင်တဲ့လေ..။ ကျွန်တော်လဲ တွေ့ချင်ပေမယ့် စောစောစီးစီးက မပြောဘူးလေ.. မနေ့ညကမှ surprise ဆိုပြီး ရုတ်တရက်ကြီး ထပြောလေတော့ လူက ထိုင်မရ ထမရနှင့် အခုထိ။
အပြင်းတစ်ကာ စောစောစီးစီးခေါင်းမလျှော်ထားမိတော့ မနေ့ညကမှ ထလျှော်ရသေးသည်။ မနက်ရောက်တော့ နှာတောင်မွှန်ချင်သလိုလို..
အအိပ်မက်တဲ့ ကျွန်တော်က alarm မမြည်ခင်တောင် ကြိုပြီး နိုးနေတော့သည်။ Jeon ရောက်အလာကို မနက်စာစားရင်းသာ စောင့်နေလိုက်သည်။
ပါမုန့်နှစ်ချပ်ကို ထက်ကာ ကိုက်လိုက်တော့ အထဲမှ ယိုများစိမ့်ကျလာသည်ကို အမြန်လက်နှင့် ခံနေတုန်း မြည်လာသော bell သံ။
'တီးတောင်.'
"ခနလေး.. Jeon. လာပြီ.."
သေချာတောင် မသန့်ရှင်းနိုင်သေး.. တံခါးကို အပြေးဖွင့်ရတော့၏။
တံခါးဖွင့်ဖွင့်လိုက်ချင်း..
"morning Tae.. ဟာ ဘယ်လိုတွေဖြစ်နေတာလဲ.."
ကပျာကယာသူ့ပုံစံကိုကြည့်ပြီး မေးခွန်းထုတ်လိုက်တော့ ရီပြလာသည်။
ထိုင်ခုံမှာ ထိုင်ခိုးပြီး တစ်ရှုးတစ်ရွက်ယူကာ သူ့ကိုယ်သူ သုတ်နေတော့သည်။
"ဖြေးဖြေးစားမှပေါ့ ကိုယ်မလောထားပါဘူး.."
"မဟုတ်ဘူး ကိုက်လိုက်တာ.."
"လာပါဦး.."
သူ့ အနားရောက်လာတော့ စားပွဲပေါ်က တစ်ရှုးတစ်ရွပ်ယူပြီး ပါးစပ်ထောင့်မှာ ပေနေသည့များကို သုတ်ပေးလိုက်သည်။
YOU ARE READING
Rhythm of Love "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"
Roman d'amourJeon Jungkook & Kim Taehyung| 12.7.2022-13.7.2023| Jeon_Kary_Vin