Chapter-16

662 41 2
                                    

Rhythm of Love(Chapter 16)

"Hyung ရေ.."

ကားထဲကနေ အထုတ်တွေ ယူနေတဲ့ Yoongi ကိုလှမ်းခေါ်တော့ မော့ကြည့်ပြီး လမ်းလျှောက်လာသည်။

Jimin တစ်ယောက် အိမ်ထဲဝင်ဖို့ အဝတင်ရှိသေး.. အမောဆို့သွားရတော့သည်။

အကြောင်းကတော့ yoongi hyung အခန်းက အမှိုက်ပုံနီးနီးကို ရှုပ်ပွနေတော့တာ။

"လာပြီ ငယ်လေး.."

ဘေးနား ရောက်ရောက်ချင်း လက်က ထုံးစမ်အတိုင်း ဗိုက်ဆီကို..

"အ့.. နာတယ်လေ ငယ်လေး ဘာဖြစ်တာလဲလို့.."

"ဘာကို ဘာဖြစ်တာလဲ ကြည့်ဦး လူနေတဲ့ အိမ်ရော ဟုတ်ရဲ့လား?"

"ကိုယ် နေနေတာဘဲ လူနေတာဟုတ်ပါတယ် လက်လေး လွှတ်ပါဦး အ့"

"အခန်းရှင်းရမယ်.."

"ရှင်းမယ်လို့ နော်နော်.."

အမယ်လေး ဗိုက်ကလက်ကိုလွှတ်ပေးဖို့ မနဲပြောလိုက်ရတာ။

"လာ..ဒါဆို.."

အထုတ်တွေကို နိုင်သလောက် ဆွဲပြီး Jimin အထဲအရင်ဝင်သွားသည်။

တစ်နေရာမှာ စုပုံထားလိုက်ပြီး..

"ဟူး.. ဘယ်က စရှင်းရမှန်းတောင် မသိဘူး ကြည့်ဦး.."

"ငယ်လေးကလဲ.."

"အဲ့တာနဲ့များ ကျွန်တော့ကို အိမ်လာနေဖို့ ခေါ်သေးတယ်နော်.. အခန်းရှင်းခိုင်းဖို့များ ခေါ်တာလားဘဲ.."

Yoongi ဘားမှမပြောဘဲ အထုတ်တွေ နေရာချနေတော့ ဘေးနားရောက်လာပြီး လက်ကရောက်လာနီး စဲစဲ အမြန်တားတော့..

"ဟမ်..ဟုတ်လား ပြန်မဖြေတော့ တကယ် အိမ်ရှင်းဖို့ ခေါ်တာလား.."

"မဟုတျတာ.. အာရုံမြားသှားပွီး သခြောမကွားလိုကျလို့ပါ.. ငယျလေးကျို ရှငျးခိုငျးစရာလား ထိုငျနေ ကိုယျဘဲရှငျးမယျ.."

ခြေထောက်ကျိုးပြီး အခုမှ ဆေးရုံက ဆင်းလာတဲ့လူကို အိမ်ရှင်းခိုင်းထားပြီး ကိုယ်က အခန့်သားထိုင်နေရမယ် ဆိုတော့လဲ မဟုတ်သေး..။

သူဖွထားတာ သူ့အိမ်ဆိုပေမယ့်လဲ ဒီလိုကျပြန်တော့ မကြည့်ရက်..။

Rhythm of Love "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now