Chapter-15

723 45 0
                                    

Rhythm of Love(Chapter 15)

"အာ့..နာလိုက်တာ"

မနက်မိုးလင်းလို့မျက်လုံးဖွင့်ကြည့်​တော့ ညက roof top ​ပေါ်မှာတင်အိပ်​ပျော်သွားခြင်းဖြစ်သည်။ ​စောင်အပါး​လေးသာ ခင်းထားတာမို့ ခါးက​တော်​တော်နာ​နေပြီ ခါးနာယုံတင်မက တစ်ကိုယ်လုံးလဲ အ​တော်​လေးကိုက်ခဲ​နေသည်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်​တော့ စာက​လေး​တွေက တကျွိကျွိနဲ့ သူတို့​အော်သံ​ကြောင့်နိုးလာခြင်းဖြစ်ပြီ ပုံမှန်ဆိုရင်​တော့ ကျိန်ဆဲမိမှာမှန်​ပေမယ့် Taehyung နဲ့တူတူနိုးထလာရတဲ့မနက်ခင်းမို့ ထူးထူးခြားခြား စိတ်ကြည်လင်​နေသည်။

လေတိုက်လို့လှုပ်ယမ်း​နေ​သော သစ်ပင်ကြီးများကပင် ကိုယ့်ကို​​ဖျော်​ဖြေ​နေသလို။

"ဟက်ချိုး"

မွှန်ထွန်သွားပြီး သာယာနေတဲ့ စိတ်လေးတောင် ပျောက်သွားသည်။

​သေချာတယ် အ​အေးပါမိ​နေပြီ။

ဟက်ချိုး​ချေသံ​ အတော်ပင်ကျယ်သွားလားမသိ ဘေးနားမှာအိပ်​နေ​သော Taehyung ပါ လွန့်လွန့်လူးလူး ဖြစ်လာသည်။

မျက်လုံးနှစ်ဖက်ကိုပွတ်ပြီးထထိုင်လာ​သော Taehyung က အခုထိ​သေချာမနိုး​သေး

''Jeon နိုး​နေတာကြာပြီလား "

''မကြာ​သေးဘူး Tae ခုန​လေးတင်ကမှ "

''ခုန ဟက်ချိုး​ချေသံကြားလိုက်တယ် ​နေမ​ကောင်ဘူးလား Jeon "

''အ​အေးမိသွားတယ်ထင်တယ် ရပါတယ်နှာ​ချေရုံ​လောက်ဘဲ ဟက်ချိုးး "

မျက်ရည်တွေပါ ဝဲလာတော့တာ။

ညက တ​ရေးနိုး​တော့ Tae ချမ်း​နေလို့ ကိုယ့်အ​ပေါ်ထပ် အကျီဝတ်​ပေးလိုက်​တော့ တစ်ညလုံးအကျီအပါးနဲ့ အိပ်မိတာ​ကြောင့်ဖျား​တော့မယ်ထင်သည်။

Jeon ပုံက မျက်နှာ​တွေပါရဲပြီး ​နေမ​ကောင်းတဲ့ပုံ​ပေါက်​နေတာမို့ လက်နဲ့နှာဖူးကိုစမ်းကြည့်လိုက်​တော့

''Jeon.... နှာ​ချေရုံတင် ဘယ်ဟုတ်မလဲ ဒီ​လောက်ကိုယ်​တွေပူ​နေတာကို လာ..လာ.. အိမ်ထဲမြန်မြန်ဝင်မယ်"

Rhythm of Love "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now