Episode (9)

204 41 4
                                    

''Haruto! ပြဿနာကောင်!''

ကျောပြင်ပေါ်က ကျိမ်းစပ်နေတဲ့ ဒဏ်ရာတွေကနေ တစ်စိမ့်စိမ့် စီးကျလာတဲ့ သွေးတွေကို Harutoခံစားလို့ရနေတယ်။ သူမငိုပါဘူး။ အနည်းငယ်စိုစွတ်လာတဲ့ မျက်ဝန်းများကို မျက်တောင် ၃ ၄ ချက်ခပ်ပြီး သူ့ဘာသာမျက်ရည်မကျဖို့တားလိုက်တယ်။ Kairiaoရှေ့မှာ သူမျက်ရည်မကျချင်တာမလို့။ နောက်ထပ် ကျရောက်လာတဲ့ ကြာပွတ်ဒဏ်တွေကို မျက်လုံးစုံမှိတ်ပြီး ငြိမ်ခံနေလိုက်တယ်။

ဖခင်ဖြစ်သူရဲ့ ဆိုလိုရင်းက ဘာဆိုတာ Haruto မသိဘူး။ လူတစ်ယောက်ကို ကယ်လိုက်မိတာ ဒီလောက်ထိ အပြစ်ရှိတာလား မစဥ်းစားတတ်ဘူး။ သူ့ရဲ့ဖခင်က နောက်အိမ်ထောင်ပြုပြီး သူ့အပေါ် မကြင်နာတော့တာကို သူသိသည်။ ဒါပေမယ့် ဒီလူတစ်ယောက်ကို ကယ်မိတာကြောင့်နဲ့ သူ့ကိုဒီလောက်ထိ စိတ်ဆိုးဒေါသထွက်စရာအကြောင်းအရင်းက ဘာလဲဆိုတာ မစဥ်းစားတတ်ဘူး။

တစ်ချက်ပြီးတစ်ချက် ထပ်ဆင့် ထပ်ဆင့်ကျရောက်လာတဲ့ ကြာပွတ်ဒဏ်တွေကို တောင့်ခံထားပေမယ့် 15နှစ်သာသာ ကောင်လေးတစ်ယောက်ဟာ အကြာကြီး မတောင့်ခံနိုင်ခဲ့ဘူး။ နာကျင်မှုကြောင့် တစ်ဆ တစ်ဆပြာဝေလာတဲ့ မျက်လုံးတွေဟာ သွေးထွက်လွန်တာကြောင့် အားမရှိတော့တာဖြစ်နိုင်တယ်။ ကြမ်းပေါ်သို့လဲကျသွားချိန်မှာ သူမျက်လုံးတွေမဖွင့်နိုင်တော့ဘူး။

နာကျင်မှုကို လုံလုံလောက်လောက် ခံစားပြီးချိန်မှာတော့ မိထွေးဖြစ်သူရဲ့ စိတ်ရင်းမပါတဲ့ အသံကို သူကြားရတယ်။ အဲ့ဒီမိန်းမက သူ့ဖခင်ကို ဆွဲတားရင်းနဲ့ ပြောတယ်။

''ကလေးကို အဲ့လောက်မရိုက်ပါနဲ့ ဒီလောက်ဆိုရင် သူ့အမှားကိုသူသိလောက်ပါပြီ...တော်ပါတော့ ကိုရဲ့!''

မတူဘူး။ သူ့မိခင်က သူ့ကိုတစ်ခါတစ်ရံမှာ ဂရုဏာဒေါသောနဲ့ ဆုံးမတဲ့ စကားတွေနဲ့မတူဘူး။ စကားလုံးလှလှတွေကို သုံးနေပေမယ့် စိတ်ရင်းမပါတဲ့လေသံက နည်းနည်းလေးတောင် နွေးထွေးမှုမရှိဘူး။ သူ့မိခင်ရဲ့ စိတ်ရင်းနဲ့ဆုံးမတဲ့ စကားလုံးတွေနဲ့နှိုင်းယှဥ်လို့တောင်မရဘူး။

အခန်းထဲမည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ချိန်မှ Harutoက ​ဖြေးဖြေးချင်းထကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူနေတဲ့နေရာလေးကို ပြန်ရောက်လာချိန်မှာ မကြာခင်က သူကယ်ခဲ့တဲ့လူက သူ့ဆီဝမ်းသာအားရရောက်လာပြီးမှ Harutoရဲ့ မူမမှန်တဲ့ပုံစံကိုသတိထားမိသွားသည်။

''Butterfly in the Air''(ဝဲရစ်လေဝယ် လိပ်ပြာငယ်)Where stories live. Discover now