Junkyuက Harutoကို အံ့ဩတကြီး မေးလိုက်သည်။
''အော...ဒါပေမယ့် မင်းနဲ့တော်တော်လေးတူတယ်ရော်...''
Haruto - "..."
Harutoက မျက်နှာတည်လေးနှင့်တိတ်ဆိတ်နေတာကြောင့် Junkyuကသူ့စကားကိုပြင်လိုက်သည်။
''ငါဆိုလိုတာက မင်းတို့ရုပ်ချင်းအတော်လေးတူတယ်ခံစားရလို့ပါ...မင်းကသူနဲ့မတူပါဘူး...''
Harutoက Junkyuရဲ့စကားကို အရေးတယူသိပ်လုပ်မနေဘဲ စကားလွှဲလိုက်ပေ၏။
''ဒါဆို...ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ကြမလား...?''
''အင်း...''
Junkyuက ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။ ဘာမှထပ်မမေးတော့ပေ။ ''မေးပါများစကားရ''ဆိုတဲ့ ဆိုရိုးစကားလဲရှိပေမယ့် ''အစားကိုကုန်အောင်စားစကားကိုကုန်အောင်မပြောနဲ့''ဆိုတဲ့ စကားကလဲရှိသေးသည်မဟုတ်လား။ စကားဆိုတာများများပြောတိုင်းကောင်းသည့်အရာတော့မဟုတ်ပေ။ ထို့ကြောင့် တိတ်တိတ်လေးပဲ ဘာဖြစ်မလဲစောင့်ကြည့်နေလိုက်တာက ပိုပြီးအန္တရာယ်ကင်းသည်ဟု Junkyuခံစားလိုက်ရသည်။ သူအမှားတစ်စုံတစ်ရာပြောမိပြီး Haruto၏ ဒဏ်ရာကိုမစွမိဖို့လိုသည်။ Harutoရဲ့ အရင်ကမှတ်ဉာဏ်တွေထဲကိုလိုက်ကြည့်နေရုံနဲ့ဖြင့်လွန်လှပြီဖြစ်ပေ၏။
ထို့အပြင် Harutoက နှုတ်မှအရာအားလုံးကိုထုတ်ပြောဖို့ထက် သူ့ဆီမှတ်ဉာဏ်ကိုတိုက်ရိုက်လွှဲပေးလာသည့်အကြောင်းကိုလဲ သဘောပေါက်ရလွယ်သွားပြီဖြစ်သည်။ Harutoက သူ့ကိုနမ်းချင်ရုံသက်သက်နဲ့ မှတ်ဉာဏ်လွှဲတာမဟုတ်ဘဲ သူ့အတိတ်ကတော်တော်လေး လက်မခံချင်စရာကိစ္စများရှိခဲ့တာကြောင့် နှုတ်ကထုတ်မပြောချင်တာသာ ဖြစ်နိုင်ပေ၏။
Harutoက သူ့ကိုငဲ့စောင်းကြည့်လာကာ ဆိုသည်။
''နောက်ဆုံးတော့ ကျွန်တော်လူယုတ်မာ မဟုတ်ဘူးဆိုတာ လက်ခံသွားပြီပဲ...''
Junkyu - "..."
အော် စနိုင်နောက်နိုင်သေးတယ်ဆိုတော့ သူထင်သလောက်တော့ စိတ်ထိခိုက်နေပုံမပေါ်ဘူး အကောင်းကြီးပဲ...!
ထိုသို့တွေးလိုက်သည်ကိုလဲ Harutoကသေချာပေါက်သိနေမှာပေမယ့် ဘာမှမတုံ့ပြန်ဘဲ ခပ်ပြုံးပြုံးဖြင့်သာ စကားလွှဲလိုက်ပေ၏။
KAMU SEDANG MEMBACA
''Butterfly in the Air''(ဝဲရစ်လေဝယ် လိပ်ပြာငယ်)
Fiksi PenggemarHyung...ကျွန်တော်လူသားတစ်ယောက်မြဖစ်ချင်ဘူး... 🦋 Hyung...ကျွန်တော်လူသားတစ်ယောက်မဖြစ်ချင်ဘူး...