သူ့ရဲ့ဖုန်းကိုချလိုက်ပြီးနောက် Junkyuက တောက်ပစွာ ပြံုးလိုက်သည်။ အနုပညာလောကထဲ ခြေစချလိုက်ကတည်းက အနားမယူခဲ့ရတာ ဘယ်လောက်ကြာနေပြီတဲ့လဲ။ လေယျာဥ်လက်မှတ်လေးကိုငံု့ကြည့်လိုက်ပြီး သိပ်မကြာခင်အချိန်အတောအတွင်းမှာ ဖုန်းထဲကတစ်ဆင့် အသံဗလံပေါင်းစံုနဲ့ ရန်တေွ့လာမယ့် Jihoonရဲ့ အသံကိုတောင်ကြားယောင်လို့သွားသည်။ အပန်းဖြေခရီးကို သူမပါသည့်အပြင် သတိတောင်မပေးဘဲ ထွက်ပြေးလာတဲ့ Junkyuလေးဟာ သူ့မျက်ခမ်းတေွကို လက်နဲ့ပွတ်သပ်နေရတယ်။
မျက်ခမ်းတေွအရမ်းလှုပ်နေပါပြီ။
ခရီးဆောင်အိတ်ကိုဆွဲထားသည့် Junkyuက maskတပ်ထားတာတောင်မှ သူ့ရဲ့ခေျာမောနူးညံ့တဲ့မျက်နှာကလေးကို ခန့်မှန်းလို့ရနိုင်လောက်အောင် ကြည့်ကောင်းလွန်းနေတယ်။ လေယျာဉ်ပေါ်တက်ပြီး ခံုမှာထိုင်လိုက်တဲ့ Junkyuဟာ နားကြပ်ကလေးထုတ်ပြီး သီချင်းနားထောင်ဖို့ပြင်လိုက်တယ်။ ဒါပေမယ့် ရုတ်တရက် မှန်အပြင်ဖက်က ဖြတ်ကနဲပျံသန်းသွားတဲ့ အကာတစ်ခုကြောင့် Junkyuသေချာလိုက်ကြည့်မိပေမယ့် သေးငယ်သည့် ထိုအရာလေးဟာ သိပ်ကိုလျှင်မြန်လွန်းတာကြောင့် သူသေချာမမြင်လိုက်ရ။ သို့သော် ၎င်းက အပြာရောင်လေး။ Junkyuက ထံုးစံအတိုင်း နှုတ်ခမ်းလေးအနည်းငယ်စူလိုက်ပြီး ရေှ့သို့ပြန်လှည့်လိုက်သည်။
လေယျာဉ်က ထွက်တော့မည်။ ကိုရီးယားကနေ ဂျပန်ကို တစ်ဦးတည်းပထမဆံုးသွားဖို့ဆံုးဖြတ်ခဲ့တဲ့ Junkyuဟာ စိတ်လှုပ်ရှားမှုနဲ့အတူ ချစ်စရာသိပ်ကောင်းလွန်းနေတယ်။
သူ့ရဲ့စိတ်လှုပ်ရှား ပေျာ်ရွှင်နေမှုဟာ သူ့နံဘေး၌ အလျင်စလိုဝင်ထိုင်လိုက်သည့် လူတစ်ယောက်ကြောင့် ပေျာက်ကွယ်သွားရတော့သည်။ ကောင်လေးက Junkyuကို မဆိုသလောက်လေး ထိခိုက်မိသွားသည့် သူ့ရဲ့ပေါ့ပျက်မှုကြောင့် ဆံပင်လေးတေွရမ်းသွားသည်အထိ ခေါင်းကို သံုးလေးကြိမ်ငံု့ကာ ''တောင်းပန်ပါတယ်"ဆိုတဲ့ တောင်ယပန်စကားကို သံုးလေးကြိမ်ပြောကာ တောင်းပန် သည်။
Junkyuကပြောလိုက်သည်။
"ကိစ္စမရှိပါဘူး ဘာမှဖြစ်မသွားတာမလို့! "
ESTÁS LEYENDO
''Butterfly in the Air''(ဝဲရစ်လေဝယ် လိပ်ပြာငယ်)
FanficHyung...ကျွန်တော်လူသားတစ်ယောက်မြဖစ်ချင်ဘူး... 🦋 Hyung...ကျွန်တော်လူသားတစ်ယောက်မဖြစ်ချင်ဘူး...