Episode​ (5)

243 51 19
                                    

တိတ်ဆိတ်နေတဲ့ သန်းခေါင်ယံအလယ်မှာ ခုန်လှုပ်လာတဲ့ နှလံုးခုန်သံဟာ ကြောက်ရွံ့မှုကြောင့်လား?

ရှက်ရွံ့မှုကြောင့်လား?

ဒါမှမဟုတ်ရင် သူ့မျက်နှာရေှ့မှာမြင်နေရတဲ့ ခေျာမောလွန်းတဲ့​ ဒီကောင်လေးကြောင့်လား?

Haruto​ က​ Junkyu​ရဲ့​ မျက်နှာနားသို့ ထပ်မံတိုးကပ်သွားပြီး Junkyu​ကတော့​ နောက်ဆုတ်စရာနေရာလဲမရှိတော့တာကြောင့် မျက်နှာကိုသာ ဘေးသို့လွှဲလိုက်ရသည်။

Harutoက နောက်ဆုတ်မသွားဘဲ အနားသို့ထပ်ကပ်လာကာ Junkyu​ရဲ့​ နားနားသို့ကပ်ကာ တိုးတိုးလေးပြောသည်။

"အစ်ကို​ ဘာလို့ကျွန်တော်မေးတာကိုမဖြေတာလဲ?"

Junkyu​က​ ရုတ်တရက်စိတ်တိုလာကာ Haruto​အား​ တည့်တည့်ကြည့်ပြီး ပြန်ဖြေ သည်။

"မင်းလုပ်ချင်တာလုပ်မှာပေါ့ ငါက​ဘယ်လိုလုပ်သိမှာလဲ?"

အမှတ်မထင် ပေါ့ဆမှုက Haruto​နဲ့​ နောက်တစ်ကြိမ် နီးကပ်စွာ မျက်လံုးချင်းဆံုသွားစေပြန်သည်။ ဤပံုစံအတိုင်း ခဏတာ တိတ်ဆိတ်သွားပြီးမှ Harutoက နောက်သို့ပြန်ဆုတ်ကာ ပြောလာသည်။

"အင်း​ ကျွန်တော်ကတော့ သူတော်ကောင်းလေးဆိုတော့ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးနေမှာပါ! "

Harutoက နောက်ပြန်ဆုတ်သွားမှ Junkyu​မှာ​ သက်ပြင်းခိုးချနိုင်တော့သည်။ သို့သော် သူ့သက်ပြင်းက အဆံုးထိမချရသေးခင် Harutoက ထပ်ပြောလာသည်။

"အဲတာကြောင့် သူတော်ကောင်းလေးကျွန်တော့်ကို​ အစ်ကိုနဲ့အတူအိပ်ခွင့်ပေး"

Harutoက ပြောပြီးသည်နှင့် သူ့ဘေး၌ လှုပ်တောင်မလှုပ်တော့ပဲ ကေွးကေွးလေးလှဲအိပ်သွားတော့သည်။ တကယ်ကို​ သီလ​ သမာဓိနဲ့ပြည့်စံုတဲ့ ယောက်ျားပျိုတစ်ယောက်ကဲ့သို့ တစ်အိပ်ယာတည်းတောင်မှ Junkyuဘက်သို့ဆံပင်တစ်ခေျာင်းတောင်ပိုမကျဘဲ တစ်ဖက်မှာ ကေွးကေွးလေးနဲ့ ငြိမ်ငြိမ်လေးအိပ်နေတာ။ Junkyu​မှာ​မအံ့ဩဘဲ မနေနိုင်တော့။ သူတို့က​ ဒီနေ့မှ စကားလေး​ လေးငါးခွန်းပဲ ပြောဖူးတာလေ။ ဒီချာတိတ်က ဘာလို့ဒီလောက်ထိ ရင်းရင်းနှီးနှီး လာရောနေသလဲ မစဉ်းစားတတ်ပေ။

''Butterfly in the Air''(ဝဲရစ်လေဝယ် လိပ်ပြာငယ်)Donde viven las historias. Descúbrelo ahora