Episode (26)

139 24 13
                                    

Haruto က ဦးဆောင်ပြီး ရှေ့ဆက်လျှောက်လိုက်သည်။ ပုံမှန်ဆိုလျှင် သူ့အနေနှင့် ထိုအခြေအနေအတွက် ပထမဆုံး သံသယဝင်မည့်သူမှာ Kairiaoကိုသာ ဖြစ်သည်။ သို့သော် ရုတ်တရက် ထိုကလေးဆီက ရခဲ့တဲ့ စကားတစ်ချို့က သူ့ကိုအတော်လေး စိတ်ပျော့သွားစေခဲ့သည်။ ဒါကို အပြစ်တင်လို့လဲမရပေ။ မည်သို့ပင် ဖအေတူ မအေကွဲဖြစ်ပါစေ သူ့ညီလေးသာဖြစ်သည်မို့ ထိုကလေးသည် သူ၏ တစ်ဦးတည်းသော သွေးသားရင်းညီကလေးဖြစ်နေပါသေးသည်။ သူက အနည်းငယ်စိတ်လှုပ်ရှားကာ စိုးရိမ်နေပုံရသည့် Junkyu ကို ပြုံးကြည့်လျှက် မျက်နှာပေါ်ကျနေသည့် ဆံပင်အချို့ကို ဖယ်ရှားပေးလိုက်ရင်းဆိုသည်။

"ဘာလို့လဲ...ကိုကို ကြောက်လို့လား...?"

Junkyuက ခေါင်းခါသည်။

"ငါ မကြောက်ပါဘူး ဒါပေမယ့် မင်း...တို့ ကို စိတ်ပူလို့ပါ..."

Harutoက သူ့ရဲ့ရှေ့သွားရှည်ရှည်လေးတွေပေါ်အောင် ရယ်ပေ၏။

"ကိုကိုစိတ်ချ ကျွန်တော်က သူတော်ကောင်းလေးလေ...ဘယ်သူမှနှောက်ယှက်မှာမဟုတ်ဘူး...ဒီလိုလုပ်တာ ဟိုကောင့်ကို တစ်ယောက်ယောက်က တစ်ခုခုလုပ်ချင်လို့နေမှာပေါ့..."

Kairiao၏ မျက်နှာ ချက်ချင်းပင်ညှိုးကျသွားပေ၏။

"Yarr...! Haruto...!"

Junkyuက ခက်ခက်ခဲခဲရလာသည့် ငြိမ်းချမ်းရေးကို မဖျက်ဆီးချင်တာကြောင့် အချိန်မှီ ဝင်တားလိုက်သည်။

"တော်တော့...တော်တော့ စနေတာပါ စနေတာ ရန်ဖြစ်မနေကြပါနဲ့..."

Harutoက နှာခေါင်းလေးရှုံ့ကာ ဆိုသည်။

"ကိုကိုက အရမ်းကြီး မျက်နှာတည်နဲ့ဆိုတော့ ကျွန်တော်က မနေနိုင်ဘူးလေဗျာ...အဲ့ကြောင့် စရတာပေါ့...မပူပါနဲ့ ကျွန်တော်ဘယ်သူလဲ သိတယ်မလား...?"

မည်သို့ပင် ဆိုစေ Junkyuမှာ ဘာကြောင့်ရယ်မှန်းမသိအောင် မကောင်းသည့်ခံစားချက်ကြီးရနေသည်။ Harutoက ချောင်းတစ်ချက်ဟန့်ကာဆိုသည်။

"အာ...ကျွန်တော်ပြောတာ ပျော်စရာမကောင်းဘူးပဲ...ဟုတ်ပါပြီ ကျွန်တော်မနောက်တော့ပါဘူး..."

Junkyuက ခေါင်းငြိမ့်လိုက်ပြီး Haruto မှာ ယခုထိ ပါးစပ်ကိုပိတ်လိုက်ဖွင့်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။ သူက ကောင်းတဲ့ရည်ရွယ်ချက်မဟုတ်ဘူး ဟု ပြောမိသည့်အပေါ် Junkyuက အဲ့လောက်ထိစိုးရိမ်သွာလိမ့်မည်ဟု ထင်မထားခဲ့ခြင်းဖြစ်သည်။

''Butterfly in the Air''(ဝဲရစ်လေဝယ် လိပ်ပြာငယ်)Where stories live. Discover now