Episode (15)

178 36 21
                                    

Harutoက Junkyuကို ဖက်ထားရင်း ခပ်တိုးတိုးဆိုသည်။

''ကျွန်တော် အားလုံးနီးပါးကို မှတ်မိပေမယ့် အမှန်တရားကို ခုထိမသိသေးဘူး...''

Junkyu၏ ဦးနှောက်ထဲ၌ အတွေးပေါင်းစုံက ရှုပ်ထွေးနေလျှက် ဘာဆိုဘာမှ စဉ်းစား၍ မရပါပေ။ Harutoတောင်မှ သေချာမသိခဲ့တဲ့ သူတို့ကြားက ဆက်နွယ်မှုက ဘာများလဲ။ Harutoက Junkyuကို ပွေ့ဖက်ရင်း Junkyu၏ ကျောကို ခပ်ဖွဖွပွတ်သပ်လိုက်သည်။

"ကျွန်တော် အဲ့ဒီ့တုန်းက အရမ်းငယ်သေးပြီး အရမ်းလဲ တုံးအခဲ့ပါတယ်..."

Junkyu - ''...''

Harutoက အက်ကွဲနေသည့် လေသံတိုးတိုးဖြင့် ဆိုသည်။

"Hyung...ကျွန်တော် တောင်းပန်ပါတယ်..."

Junkyuက နှုတ်ခမ်းများကို ဖွင့်လိုက်ကာ ''ဘာလို့တောင်းပန်တာလဲ''ဟု မေးရန်ကြံလိုက်ပေမယ့် Harutoက သူ့ကို ရုတ်တရက် ပို၍ တင်းကျပ်စွာဖက်တွယ်လိုက်ရင်း ဆက်ပြောလာသည်။

"hyungကို ကျွန်တော် မကာကွယ်နိုင်ခဲ့ဘူး...''

Junkyuက ဇဝေဇဝါဖြင့် မေးလိုက်သည်။

''မင်း ပြောတာ ငါ့တို့ ကား accident ဖြစ်တုန်းကကို ပြောတာလား?''

Harutoက အသက်ရှူစရာမလိုသည့်တိုင် ခဏတာ အသက်အောင့်လိုက်မိတော့သည်။

''ကိုကို သိတာလား?''

Junkyuက Haruto၏ ရင်ဘတ်ကို ခပ်ဖွဖွတွန်းရင်းဆိုသည်။

''မသေချာပေမယ့် ဒီရက်ပိုင်း ငါခဏခဏမက်နေတဲ့ အိမ်မက်တစ်ခုရှိတယ်...မင်း ခဏ...ငါ့ကိုလွှတ်ဦး...''

ထိုအခါမှ Harutoက သူ Junkyuကို ခုထိ တင်းကျပ်စွာဖက်ထားဆဲဖြစ်ကြောင်း သတိဝင်လာကာ အလျှင်အမြန်ဖယ်လိုက်လျှက် ဆိုသည်။

''တောင်းပန်ပါတယ်...''

Junkyuက နှာမှုတ်လိုက်ကာ ဆိုသည်။

''ဘာလို့ ထပ်ပြီး တောင်းပန်တာလဲ?''

အဲ့ဒီ့တုန်းက နှစ်ယောက်လုံး သေဆုံးသွားခဲ့ကြပြီးဆိုပေမယ့် သူက ဆေးရုံထိ ဝေဝေဝါးဝါးဖြင့် အသက်မျှင်းမျှင်းကလေးရှိနေသေးတာဖြစ်သည်။ Harutoကမူ သူ့ရဲ့တောင်းပန်စကားကိုပင် ကြားမသွားသည်မို့ Junkyuအတွက် Harutoက တောင်းပန်သည်ပြောတိုင်း သူ့မှာပို၍ စိတ်မလုံသလိုခံစားရကာ အနေရခက်လာတော့သည်။

''Butterfly in the Air''(ဝဲရစ်လေဝယ် လိပ်ပြာငယ်)Where stories live. Discover now