တိတ်ဆိတ်သော အခန်းလေးတွင်း၌ လေထုသည် အေးခဲမတတ် ငြိမ်သက်လို့နေပေ၏။ လူလေးယောက်သည် ဓာတ်ပုံတစ်ပုံအား ပတ်လည်ဝိုင်း၍ ထိုင်လျှက်ရှိကြသည်။ အပြင်ပိုင်းက ငြိမ်သက်နေသည့်တိုင် ရင်ထဲက လောင်မြိုက်လာသလိုခံစားလာကသည့် Jihoon က တိတ်ဆိတ်မှုကို ဦးစွာ ဖြိုခွင်းလိုက်ပေ၏။
"ငါ ပြဿနာလာရှာတာမဟုတ်ဘဲ ဒီအတိုင်း ငါ့ရဲ့သူငယ်ချင်းအကြောင်းကို သိချင်တာမလို့ ပြောပြပါလား...?!"
Harutoက ပလုံးပထွေးဆိုသည်။
"ကိုကို့ကို မှတ်ဉာဏ်လွှဲပေးနေတာ..."
Jihoon က Junkyu ကို ကြည့်ကာမးသည်။
"ဒါဆိုလဲ မင်းပြောလေ...!"
"ငါမသိပါဘူးလို့ဆိုနေ..."
Harutoက Junkyuရဲ့ အင်္ကျီစကိုဆွဲလျှက် ပြောလာသည်။
"ကိုကိုရယ်...ကိုကို့သူငယ်ချင်းက စကားကိုဆုံးအောင်လဲနားမထောင်ဘူး ရှင်းမပြချင်လိုက်တာဗျာ..."
Junkyu က Harutoရဲ့ လက်ကို ဖွဖွလေးကိုင်ပြီး ပြောလိုက်သည်။
"သူက အဲ့အတိုင်းပဲ ပြောလို့မကောင်းပါဘူး Rutoရယ်..."
Jihoon မှာ အငွေ့ဖြစ်ဖြစ် အမှုန်ဖြစ်ဖြစ် ဖြစ်ပြီး ကောင်းကင်ပေါ်တက်သွားချင်စိတ်ပေါက်လာနေပြီ။ အဲ့လိုတွေ အီစိကလီလုပ်နေမယ့်အစား ငါ့ကိုတစ်ခါတည်းရှင်းပြလိုက်ပါတော့လား...?!
အခြေအနေမဟန်တာမို့ မနေသာသည့် Kairiao က Jihoon ကို လက်ကုတ်ကာရှင်းပြလိုက်ရသည်။
"သူက မှတ်ဉာဏ်ကို တိုက်ရိုက်လွှဲတဲ့နည်း သုံးတာမလို့ အတိတ်ကို တန်းရောက်သွားတယ်...အဲ့တာနဲ့ မှတ်ဉာဏ်အကုန်မလွှဲရသေးပဲ အချိန်ကာလနှစ်ခုက ရောသွားတာပဲ..."
"ဟမ်...!"
Jihoon လို လူအတွက် လတ်လတ်လောလောကြီး ဒီအခြေအနေကို နားမလည်နိုင်တာက သဘာဝကျပါသည်။ အတွးကိုယ်စီနှင့် တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားသည့် အခန်းလေးဟာ ထူးဆန်းသည့် ခံစားချက်မျိုးစုံနှင့်။ Harutoက Jihoon ချပြလာသည့် ဓာတ်ပုံလေးကို ယူကာ ခပ်ဖွဖွ ထိကြည့်မိသည်။ ဓာတ်ပုံအတွင်း၌ အဖြူအမဲ ဆင်တူဆွဲကြိုးလေးနှစ်ကုံးကို ဆွဲထားသည့်ကောင်လေးနှစ်ယောက်...!
YOU ARE READING
''Butterfly in the Air''(ဝဲရစ်လေဝယ် လိပ်ပြာငယ်)
FanfictionHyung...ကျွန်တော်လူသားတစ်ယောက်မြဖစ်ချင်ဘူး... 🦋 Hyung...ကျွန်တော်လူသားတစ်ယောက်မဖြစ်ချင်ဘူး...