Kairiao ၏ မျက်နှာကအတော်လေးထူးဆန်းပေ၏။ သူက အမြဲတမ်းအနိုင်ယူလိုစိတ်ပြင်းပြနေတတ်သူဖြစ်သည့်တိုင်အောင် ယခုချိန်၌မူ သူ့မျက်နှာသည် မောက်မာရိုင်းစိုင်းဟန် တစ်စိုးတစ်စိမျှရှိမနေခဲ့ပေ။ ဤအတိုင်းခန့်မှန်းရခက်သည့်မျက်နှာထားနှင့် သူက Harutoကို ပြောလာသည်။
"မင်းသူ့ကို ကယ်...ခေါ်လာခဲ့တာလား...?''
Harutoလေးက Kairiaoရဲ့ အမူအရာကို သိပ်သတိမထားမိပေ။ သို့သော် ယခုလက်ရှိဟာရူတိုကတော့ တွေးတွေးစစဖြင့်ပြောလာသည်။
''ကိုကိုကြည့် Kairiaoရဲ့ မျက်နှာအမူအရာက ထူးဆန်းမနေဘူးလား...?''
Junkyuကလဲ ထိုသို့မတွေးမိသည်တော့မဟုတ်ပေ။ သို့သော်ဤထူးဆန်းသည့်မျက်နှာထားက မည်သို့နာမည်တပ်ရမည်မှန်းမသိရုံသာဖြစ်ပါ၏။
Junkyuက ပြောလာသည်။''ဘယ်လိုပြောရမလဲ သူ့မျက်နှာကတစ်ခုခုကိုစိုးရိမ်နေသလိုလဲထင်ရပေမယ့် နည်းနည်းလည်းစိတ်သက်သာရာ ရနေပုံပဲ...အဲ့တာကလေ...''
Harutoက ထောက်ခံသည်။
''တကယ်ပဲ သူဘာတွေတွေးနေလဲဆိုတာ ကျွန်တော်ခုထိမသိသေးတာဗျာ...''
Kairiaoက Harutoကို ဆက်မေးလာသည်။
''အဖေနဲ့ တွေ့ပြီးပြီလား...?''
သို့သော် သူ့ဘာသာတွေးဆဆဖြင့် သူ့မေးခွန်းသူဖြေသည်။
''သေချာပေါက်တွေ့ပြီးရောပေါ့...မင်းကိုယ်ပေါ်ကဒဏ်ရာတွေက အဖေရိုက်ခဲ့တာဖြစ်မှာပေါ့...''
Harutoလေးက မျက်ခုံးကလေးကျုံ့လျှက်မေးလာသည်။
''Junkyu hyungကို ကယ်လိုက်မိရုံနဲ့ အဖေကဘာလို့စိတ်တိုနေတာလဲ မင်းရော သိပြီးသားထင်တယ်...''
Kairiaoက ထိုင်ခုံတစ်လုံးကိုဆတ်ကနဲဆွဲယူကာ ထိုင်လိုက်ရင်း လက်သည်းကိုကိုက်နေပြန်သည်။ သူ့ပုံစံမှာ အရင်ကသူမဟုတ်သည့်အတိုင်းပင်ဖြစ်နေ၏။ ရန်လိုသည့်အပြုအမူမျိုးမရှိတော့သည့်အပြင် တစ်ခုခုကိုအလျင်စလိုဖြစ်နေဟန်လဲပေါ်ပေ၏။ လက်သည်းကိုကိုက်နေရင်းခဏကြာတော့ ဖြေလာသည်။
''ငါမသိဘူး...ဒါပေမယ့် မင်းသူ့ကိုဆက်ခေါ်ထားရင်တော့ အဖေကပိုစိတ်ဆိုးနေမယ်ထင်တယ်...''
YOU ARE READING
''Butterfly in the Air''(ဝဲရစ်လေဝယ် လိပ်ပြာငယ်)
FanfictionHyung...ကျွန်တော်လူသားတစ်ယောက်မြဖစ်ချင်ဘူး... 🦋 Hyung...ကျွန်တော်လူသားတစ်ယောက်မဖြစ်ချင်ဘူး...