Vegas Pov
ငါအိမ်မက်မက်တိုင်းအမြဲတမ်းဒီနေရာကိုဘဲပြန်ပြန်ရောက်လာနေတယ်ခြောက်သွေ့နေတဲ့သစ်ပင်တွေနဲ့ဒီတောအုပ် ငါ့ရှေ့မှာPeteကချိုမြိန်တဲ့အပြုံးလေးနဲ့ငါ့ကိုကြည့်နေတယ် ပြီးတော့Peteကငါ့ကိုထပ်မတွေ့ကြတော့မယ့်အတိုင်းပြုံးပြနေတယ်
Pete :" Vegas နှုတ်ဆက်ခဲ့ပါတယ်"
Peteကတစ်ဖြည်းဖြည်းနဲ့ငါ့အရှေ့ကနေပျောက်ကွယ်သွားနေတယ် ငါPeteကိုလိုက်ဖမ်းနေပေမယ့်လေကိုဖမ်းရသလိုဘဲငါလိုက်ဖမ်းလေလေပိုဝေးကွာသွားလေလေ
Vegas :"Pete ပြန်လာခဲ့ ကို့ကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့ကွာ Pete!!! Pete!!!"
ငါ့လည်ချောင်းထဲကအသံတွေခြောက်ကပ်သွားတဲ့အထိအော်ခေါ်နေပေမယ့်Peteကလှည့်တောင်မကြည့်ဘူး
Vegas : "Pete!!!!Please...Please don't go!"
Pete : "ဘာလဲ?ဘာဖြစ်လို့လဲ Vegas ?"ငါလန့်နိုးလာတဲ့အသံကြောင့်Peteလဲနိုးလာတယ်Pete ကိုမြင်လိုက်ရတာကြောင့်ငါစိတ်သက်သာရာရသွားပြီးသူ့ရဲ့ခါးကိုငြင်ငြင်သာသာလေးဖက်ထားလိုက်မိတယ် Peteကစိုးရိမ်တဲ့အကြည့်တွေနဲ့ကြည့်နေပြီးငါ့မျက်နှာကချွေးတွေကိုသူ့အင်္ကျီလက်လေးနဲ့သုတ်ပေးနေတယ်
Pete : "Vegas အဲ့ဒီအိမ်မက်ထပ်မက်ပြန်ပြီလာ"
Vegas : "Pete ကို့အနားမှာအမြဲမင်းရှိနေပေမယ့်တစ်နေ့မင်းထွက်သွားမလားမင်းများကို့ကိုမချစ်တော့မလားလို့ကို့မသိစိတ်ထဲကသိပ်ကြောက်နေမိတယ်"ရက်စက်လှပါတယ်ဆိုတဲ့second familyခေါင်းဆောင်ဖြစ်တဲ့ငါ့ရဲ့ပါးပြင်ပေါ်မှာမျက်ရည်တွေစီးကျလာတယ် ပြီးတော့ငါထပ်အားထည့်လိုက်ပြီးPeteရဲ့ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တယ် ငါငိုနေတာကိုPeteကကြောင်ကြည့်နေပြီးရုတ်တရက်ပြုံးသွားတယ်
Pete : "အို...မင်းကငါမရှိရင်မနေနိုင်တော့ဘူးပေါ့ဟီးဟီး မင်းလိုလူဆိုးကောင်နားတစ်သက်လုံးအတူတူနေရအောင်ငါကအရူးလာ"
Vegas : "ကိုအတည်ပြောနေတာနော်Pete ကိုနိုးထလာတဲ့အချိန်တိုင်းကို့ဘေးမှာမင်းမရှိမှာကိုလဲကြောက်တယ် တစ်နေ့နေ့ကို့ဘေးနားကနေဘယ်ချိန်ပျောက်ကွက်သွားမလဲဆိုတဲ့စိတ်ကကို့ကိုသတ်နေသလိုဘဲ Pete just give me a promise that you never leave me a lone"Peteရဲ့နွေးထွေးတဲ့လက်တစ်စုံကငါ့ရဲ့မျက်နှာပေါ်ရောက်လာခဲ့ပြီးငါ့နှုတ်ခမ်းကိုခပ်ဖွဖွလေးနမ်းလာခဲ့တယ်
Pete : "Vegas ငါ့ဘဝတစ်ခုလုံးနဲ့ပုံပြီးမင်းကိုရွေးချယ်ခဲ့တာမို့မင်းနားကထွက်သွားဖို့အတွေးမျိုးလုံးဝမရှိဘူး ဒါကြောင့်..."
စူးစူးရှရှကျယ်လောင်တဲ့ကလေးငိုသံကသေချာတယ်အဲ့ကောင်Venice သောက်ကလေး Peteကသူ့အသံကြားတော့ပြာပြာသလဲငါ့ကိုတွန်းပစ်ပြီးထတော့တာဘဲ
Vegas : "နေဦး Pete မသွားရဘူး "
Pete : "ဟိုမှာVeniceငိုနေပြီလေနေခဲ့တော့ပြီးမှမင်းကိုပြန်လာချော့မယ်"
Vegas : "Pete !I said don't go! Come back Pete!!!!F*ck!အဲ့သောက်ကလေးဒီကိုရောက်လာကတည်းကPeteဆီကအာရုံစိုက်ခံရအောင်ညညလျှောက်ငိုနေတယ်"အဲ့ဒီကလေးနဲ့ယှဉ်လိုက်ရင်ငါ့ကိုငါအရှုံးသမားလို့ခံစားနေရတယ် ပါးငါ့ကိုKinnနဲ့မယှဉ်နိုင်ဘူးလို့ပြောရင်တောင်မနာကျင်ရဘူး Pete ဆီကဂရုမစိုက်ခံရတော့ကတည်းကငါညတိုင်းအဲ့ဒီအိမ်မက်ကိုမက်နေတော့တာဘဲ
ငါ့လက်နဲ့မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်ပြီးငါ့ဆံပင်တွေကိုပါဖွပစ်လိုက်တယ်ငါ့စိတ်ကဘာဖြစ်နေမှန်းငါလဲသေချာမသိတော့ဘူးPeteကငါ့နားမှာရှိနေတာတောင်ငါသူ့ကိုဒီထက်ပိုပြီးပိုင်ဆိုင်နေချင်တယ် ငါ့လောဘတွေကအသောမသတ်နိုင်ဘူး
Vegas : "Pete... ကိုမင်းကိုလိုအပ်တယ်..."