Pete POV
Vegas ကငါ့ကိုအိမ်တော်ဆီအပါပြန်ခေါ်သွားချင်တာကိုနားလည်ပေမယ့် ခွန်နိုကို Koi ငါးကိုချက်ပြီးကြွေးလိုက်တာကတော်တော်ဆိုးတယ် ခွန်နိုကို Arm နဲ့ Pol ဆီထားခဲ့လိုက်ပြီး သူတို့နှစ်ယောက်ကကောင်းကောင်းလေးနှစ်သိမ့်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ် အဓိကပြဿနာကတော့ Vegas ဘဲ
ခဏကြာတော့ အိမ်တော်ကိုပြန်ရောက်လာတယ် ငါစိတ်ဆိုးနေတော့ ဘယ်သူမှအသံမထွက်ရဲကြဘူး Macau က Venice ကိုချီပြီးအိမ်တော်ထဲပြေးဝင်သွားတယ် Vegas ကလဲအသံတိတ်ပြီးငါ့နောက်ကတစ်ကောက်ကောက်လိုက်နေတယ် ငါတို့ရဲ့အိပ်ခန်းဆီကိုတည့်တည့်တက်သွားလိုက်ပြီး Vegas နဲ့ငါ့ရဲ့အဝတ်စားတွေအတူတူထည့်ထားတဲ့ဗီရိုထဲက အဝတ်စားတွေကိုယူပြီးအိပ်ယာပေါ်ပစ်တင်လိုက်တယ်
Vegas : " Pete ဒါဘာလုပ်တာလဲ "
Pete : " ဗီရိုထဲက အဝတ်တွေထုတ်နေတာလေမမြင်ဘူးလာ"
Vegas : "Pete ကိုကမင်းကိုချစ်တယ်ဆိုတိုင်း မင်းကဒီအချိုးမျိုးလာချိုးရဲတယ်ပေါ့ ကောင်းပြီလေမင်းကကြမ်းမှကြိုက်တာဘဲ Pete"
Vegas ကဒေါသထွက်သွားပုံဘဲ ပြီးတော့တံခါးဆီပြေးပြီးလော့ချပစ်လိုက်တယ် ငါလဲလှည့်မကြည့်ဘူး အဝတ်တွေဘဲဆက်ထုတ်နေလိုက်တယ် စိတ်ထဲမှာတော့သူ့ကိုအနည်းငယ်ကြောက်နေမိတယ် သူဒေါသထွက်ရင်ကြောက်စရာကောင်းတယ်လေ ရုတ်တစ်ရက်ဘုတ်ကနဲအသံကြားတော့ ငါလှည့်ကြည့်လိုက်မိတဲ့အခါ Vegas ကဒူးထောက်လျက်ကြီး
Vegas : "Pete ကို့ကိုထားမသွားပါနဲ့ မင်းသာ First family ကိုပြန်သွားမယ်ဆိုရင်အဲ့အိမ်ကိုမီးလိုက်ရှို့မှာနော် "
ငါအရမ်းရီချင်တဲ့စိတ်ကိုမနည်းမျိုသိပ်လိုက်ရတယ် ငါအနည်းဆုံးတော့ Vegas နဲ့ရန်ဖြစ်ရတော့မယ်ထင်တာ ဒါပေမယ့်သင်ခန်းစာတော့နည်းနည်းပေးမှရမယ်
Pete : " Vegas မင်းကငါ့ကိုတောင်းပန်နေတာလာခြိမ်းခြောက်နေတာလား"
Vegas : "မသွားပါနဲ့ Pete မင်းကကို့ကိုစားပြီးနားမလည်လုပ်သွားတော့မလို့လာ"
Pete : " ဘယ်သူကဘယ်သူ့ကိုစားပြီးနားမလည်တာလဲ ငါဘယ်မှမသွားဘူး အခုကစပြီး Venice အခန်းမှာ ၃ရက်သွားအိပ်မယ် မင်းကိုယ်မင်းပြန်သုံးသပ်ဒါဘဲ"