Vegas POV
အစကတော့ Venice လေးဖိနပ်ထဲ GPS နေ့တိုင်းထည့်ထားပေးလို့ငါ Pete နဲ့စကားများသေးတယ် အိမ်တော်ကနေဘယ်မှမသွားတဲ့အပြင်သွားရင်လဲ First family လောက်ဘဲဆိုတော့ကလေးကိုအရမ်းစိတ်ပူပြနေလို့ဆိုပြီးအကြီးအကျယ်စကားများခဲ့ရသေးတယ် အခုတော့အဲ့ကလေးကိုရူးနေတဲ့အကိုကြီးက club ခေါ်သွားမယ်မှန်းငါတွေးတောင်မတွေးမိဖူးဘူး
လမ်းတစ်ခုလုံးမှောင်မဲနေပြီးကားဆိုလို့ငါတို့ကားတစ်စီးဘဲရှိတယ် Pete ကအရမ်းစိတ်ပူပေမယ့်လဲ ငါ့ဘေးနားကနေသေနတ်တစ်ကိုင်ကိုင်နဲ့ဘေးကနေငြိမ်ငြိမ်လေးလိုက်လာရှာတယ် တစ်အောင့်အကြာတော့ Nop ပို့လိုက်တဲ့ တည်နေရာနားကိုရောက်တော့ first family ကလူတွေနဲ့အိမ်တော်ကလူတွေကိုလဲတွေ့လိုက်ရတယ် အားလုံးကစွန့်ပစ်ဂိုထောင်တစ်ခုရှေ့မှာရပ်နေကြတယ်
Vegas : "ကျစ်..."
ကားမီးအလင်းနဲ့အဝေးကနေကြည့်လိုက်တာတောင် Tankhun နဲ့ Macau ကရန်ဖြစ်နေကြလို့ဘော်ဒီဂတ်တွေကဆွဲနေကြတာကိုငါမြင်လိုက်ရတော့ဒေါသကပိုထွက်သွားတယ် Pete ကလဲငါကားရပ်လိုက်တော့တံခါးဖွင့်ပြီးပြေးထွက်သွားတာဘဲ
Macau : " ဒါအကုန်လုံး Phi ရဲ့အပြစ်တွေဘဲ Venice ကိုဘယ်လိုစိတ်နဲ့များclub ခေါ်သွားရတာလဲ ဒီအချိန်ကကလေးအိပ်ချိန်လေ"
Tankhun : " အောင်း...အဲ့တာဆိုမင်းလဲကျောင်းပြန်လာရင် ကလေးကိုလာခေါ်လေ မင်းလာမခေါ်တော့ငါခေါ်သွားရတာပေါ့"
Macau : " သူငယ်ချင်းမွေးနေ့ရှိလို့လေ အကိုကြီးကစိတ်မချရမှန်းဘယ်သိခဲ့ပါ့မလဲ အဲ့လိုမှန်းသာသိ..."
Vegas : " Shut the fuck up!!! အကုန်တိတ်စမ်း တော်တော့ Macau "
Pete : " တော်ကြပါတော့"
ဘော်ဒီဂတ်တွေဆွဲထားတဲ့ကြားကနေအချင်းချင်းလှမ်းရိုက်နေတဲ့ Macauနဲ့ Tankhun တို့ငြိမ်သွားကြတယ် Kinn ၊ Kim နဲ့ Porsche ကလဲ ထိန်းလို့မရလို့ငြိမ်နေတဲ့ မျက်နှာမျိုးနဲ့
Pete : " Porsche မင်းတို့Veniceကိုမကယ်ဘဲဒီမှာဘာရပ်လုပ်နေတာလဲ "
Vegas : " Nop မင်းတို့လဲဒီမှာဘာရပ်လုပ်နေကြတာလဲ"
Kinn : " ဒီကောင်တွေက Venice လေးရဲ့ခန္ဓာကိုယ်မှာဗုံးတပ်ထားတယ် ကြည့်ရတာဒီကောင်တွေကငါတို့ဝင်သွားတာနဲ့ ကလေးနဲ့အတူတူအသေခံမယ့်ပုံဘဲ သူတို့ကမင်းကိုပစ်မှတ်ထားပုံရတယ် မင်းတစ်ယောက်ထဲနဲ့ဘဲရှင်းချင်လို့ပြောထားတယ် သူတို့ရဲ့လူအင်အားက ၁၀ယောက်ဘဲဟာကိုငါတို့မရှင်းနိုင်စရာအကြောင်းမရှိဘူး ငါတို့သာဇွတ်ဝင်သွားလိုက်ရင် Venice လေးထိခိုက်သွားလိမ့်မယ် ဒါကြောင့်မင်းတို့လာတဲ့အထိစောင့်နေရတာ "
Nop : " ကျနော်တို့လဲလှုပ်ရှားလို့မဖြစ်လို့ ခွန် Vegas နဲ့ ခွန် Pete လာတဲ့အထိစောင့်နေတာပါ သူတို့က X ဂိုဏ်းကလူတွေပါ"
Xဂိုဏ်း အော်မှတ်မိပြီ လွန်ခဲ့တဲ့ ၆လလောက်တုန်းကပါတီတစ်ခုမှာ Pete ကို စော်ကားမော်ကားပြောပြီးဆွဲလားရမ်းလားလုပ်လို့ငါလက်ချိုးပစ်ခဲ့တဲ့X ဂုဏ်းရဲ့သားဘဲ အဲ့လိုမှန်းသိအသေပါသတ်ခဲ့ပစ်လိုက်ရမှာ
Pete : " Vegas မင်းလက်ချိုးခဲ့တဲ့ကောင်က X ဂုဏ်းရဲ့သားမလား"
Vegas : "အင်း"
Tankhun : "အဲ့တာဘဲတွေ့လာ Pete မင်း Vegas ကဘယ်လောက်အန္တရာယ်များလိုက်လဲ သူ့မှာသူရန်သူတွေမရှိရင် ဒီလိုကိစ္စတွေဖြစ်လာမှာမဟုတ်..."
Pete : " ခွန် နိုတော်ပါတော့ ဒီအချိန်ကတစ်ယောက်နဲ့တစ်ယောက်အပြစ်တင်နေရမယ့်အချိန်လာ "
Tankhun : " အိုက်...အိုက် Pete... မင်းပြောင်းလဲသွားပြီ"
Pete အော်လိုက်တာကြောင့် အကိုကြီးကငိုပြီးကားထဲပြေးဝင်သွားတယ် သူ့အနောက်ကဘော်ဒီဂတ်နှစ်ယောက်ကလဲပြာပြာသလဲလိုက်သွားရရှာတယ်
Vegas : " Pete ဒီမှာနေခဲ့နော် ကို Venice လေးကိုဘာမှမထိခိုက်စေဘဲ ပြန်ခေါ်လာခဲ့မယ် "
Pete : " မရဘူးငါလဲလိုက်မယ် ငါကိုယ်တိုင် Venice လေးကိုကယ်မယ် "
Vegas : " No Pete ကိုတစ်ယောက်ထဲသွားမရှင်းရင် Venice လေးတစ်ခုခုဖြစ်သွားနိုင်တယ် Venice လေးကိုကို့အသက်နဲ့ ရင်းပြီးပြန်ခေါ်လာပါ့မယ် "
Pete : " ဟင့်အင် Vegas မင်းရောVenice ရောဘာမှမဖြစ်ရဘူး မင်းတစ်ခုခုဖြစ်ရင် Macau ရယ် ငါရယ် Venice လေးရယ်ဘဲကျန်တော့မှာပေါ့ မိနစ်၃၀ဘဲအချိန်ပေးမယ် မိနစ်၃၀ ကြာရင်ငါလိုက်ခဲ့မယ်"
Vegas : "Ok...Macau မင်းရဲ့အကိုကြီးနားမှာဘဲနေနေနော်"
Macau : " Kha Phi"
Pete ကိုနှစ်သိမ့်ခဲ့ပြီးစွန့်ပစ်ဂိုထောင်ထဲကိုငါပြေးဝင်သွားလိုက်တယ်