Vegas POV
Pete အိမ်ကိုပြန်လာတာအခုဆို ၂ ရက်လောက်ရှိပြီ အိမ်တော်မှာအားလုံးပုံမှန်ပြန်ဖြစ်သွားတယ်ဆိုပေမယ့်လဲ Pete ကတော့ငါ့ကိုစိတ်ကောက်နေတာလိုလိုဘာလိုလိုနဲ့ သူ့ရဲ့စိတ်ကိုခန့်မှန်းလို့မရဘူးဖြစ်နေတယ် အကိုကြီးကိုစနောက်တာလွန်သွားလို့ Pete ကသူ့မှာအပြစ်ရှိသလိုခံစားချက်ဖြစ်နေတာမျိုးဖြစ်နေတာဖြစ်နိုင်တယ် ဒါကြောင့် ငါနှစ်ယောက်လုံးကိုချော့ဖို့ပြင်လိုက်တယ်လေ Pete ကိုချော့ဖို့ကအစောကြီးကတည်းကစဉ်းစားထားပေမယ့် အကိုကြီးကဒီတစ်လော Pete ကိုခေါ်လားမခေါ်လားမသိပေမယ့် Pete ကအကိုကြီးဆီခဏခဏသွားနေတော့ အကိုကြီးကငါတို့ရဲ့ဆက်ဆံရေးလေးကြားလေမုန်တိုင်းလိုဝင်မွှေမှာလဲကြောက်မိတယ်လေ ဒီတော့အကိုကြီးကိုမျက်နှာချိုသွေးမှရမယ် ဒါပေါ့ အကိုကြီးကိုဘယ်လိုချော့မလဲသိချင်ကြတယ်မလား Dr. Top နဲ့ညစာစားလို့ရအောင်စီစဉ်ပေးလိုက်တယ်လေ Dr.Top အတွက်တော့စိတ်မကောင်းပေမယ့်ပေါ့
Pete : " Vegas ခွန်နိုကိုဖုန်းဆက်တော့ဒီနေ့ သူ့ဆီမလာနဲ့တဲ့ ဘာဆိုလား ရိုမန့်တစ်ညစာစားမယ်ဆိုလာဘာဆိုလား တော်တော်ပျော်နေတဲ့အသံဘဲ "
Vegas : " ဟုတ်လာ ဒါဆိုဒီနေ့အိမ်မှာဘဲနေလိုက်လေ"
Pete : " အင်း အဲ့လိုဘဲလုပ်ရတော့မှာပေါ့"
ငါနဲ့Pete ပြန်တည့်သွားကြပြီဆိုပေမယ့်လဲ Pete ကအရှင်းကြီးငါ့ကိုစိတ်ဆိုးပြေသေးတာမဟုတ်ဘူးလို့ထင်တယ် ဟိုတစ်နေ့ကမှပူပူနွေးနွေးအချစ်ညလေးကိုဖြတ်သန်းပြီးတုန်းရှိသေးတယ် Pete ကမနက်လင်းတော့ ငါကလွဲပြီးMacau နဲ့ Venice ကိုဘဲမနက်စာလုပ်ပေးတယ် ဒါကြောင့် သူ့စိတ်ကိုသေချာသိရဖို့ ဒီနေ့ Surprise လေးစီစဉ်ထားတယ်
Vegas : " ကိုဒီနေ့အရေးကြီးတဲ့ဝယ်လက်တွေနဲ့ ညထိအစည်းဝေးရှိတယ် "
Pete : " အင်း"
Vegas : " Pete ကို့ကိုစောစောပြန်လာဖို့မမှာတော့ဘူးလာ "
Pete : " အရေးကြီးတဲ့ ဝယ်လက်တွေနဲ့ညထိအစည်းဝေးဆို ငါ့ဘဝကထောင်ထဲမှာလိုဘဲလေ ဒီညဘယ်မှမသွားဘူး"
Pete ကVenice ကိုချီပြီးကောက်ထွက်သွားတယ် Peteတော့တကယ်ကိုတစ်ခုခုဘဲ အရင်ကဆိုညထိအစည်းဝေးရှိတယ်လို့ပြောလိုက်တာနဲ့ ကုပ္မဏီကိုညစာလာပို့ပေးရမလားတို့ Venice လေးကိုခေါ်လာပြီးစောင့်နေလို့ရလားလို့ပြောနေကြပါအခုတော့ငါ့ကိုလုံးဝစိတ်မဝင်စားသလိုမျိုးဘဲ အစကတော့ငါဘဲ စိတ်တွေရှုပ်ထွေးပြီးမေ့လဲသွားရတာအခုတော့ စိတ်တောင်မရှုပ်ရဲဘူး အသက်လဲကျယ်ကျယ်မရှူရဲဘူး အိပ်နေရင်တောင် Pete ကဘယ်ချိန်ဘယ်လိုစိတ်ပြောင်းပြီး ကန်ချမလဲမသိလို့ သူ့ကိုစိတ်ရှုပ်အောင်ကိုသွားမလုပ်ရဲဘူး