Chapter 8 (uni)

285 32 0
                                    


Pete POV

စွန့်ပစ်ဂိုထောင်ထဲပြေးဝင်သွားတဲ့ Vegas ရဲ့နောက်ကျောကိုငေးကြည့်ပြီးငါကျန်ခဲ့ရတယ် ငါလဲလိုက်သွားချင်ပေမယ့် Venice လေးထိခိုက်မှာကိုစိုးရိမ်တာကြောင့် ငါလိုက်မသွားဖြစ်ဘူး Macauကလဲ ငါ့ကိုနှစ်သိမ့်ပေးရှာတယ် ခွန်နိုကိုအော်လိုက်မိလို့စိတ်မကောင်းဖြစ်ပေမယ့်လဲ အခုတော့ချော့ဖို့အာရုံမစိုက်နိုင်သေးဘူး

Pete : "Porsche မိနစ်၃၀ နေရင်ငါတို့ဝင်မယ် Venice လေးကိုကယ်ဖို့အားလုံးအချိန်ကိုက်ဖြစ်နေရမယ်"

Porsche : "Ok Pete "

Vegas  POV

ငါဝင်သွားတော့ဘယ်သူမှမရှိဘဲ Venice လေးကမြေကြီးမှာထိုင်ငိုနေတယ် ဒါကထောင်ချောက်မှန်းသိပေမယ့်လဲငါကလေးဆီပြေးသွားလိုက်တယ်ပုံမှန်ဆိုအချီမခံတဲ့ Veniceလေးကလက်နှစ်ဖက်ကိုထုတ်ပြီးငါ့ကိုချီခိုင်းနေတယ်

Vegas :" ပါး လာကယ်ပြီနော် တိတ်တော့ Veniceလေး"

ငါVeniceကိုချီလိုက်တော့Venice ကအငိုတ်တိတ်ပြီးငါ့ရင်ခွင်ထဲမှာအိပ်မောကျသွားတယ်ဘယ်လောက်တောင်ငိုပြီးပင်ပန်းနေခဲ့လဲမသိဘူးဒါVeniceကိုပထမဆုံးချီလို့ရတာဘဲအိမ်တော်မှာတုန်းကPeteကငါနဲ့ရင်းနှီအောင်ချီခိုင်းဖို့ခေါ်လာတိုင်းVeniceကငါ့မျက်နှာမြင်တာနဲ့တင်အော်ငိုတော့တာဘဲ ပါးမင်းကိုလာကယ်ပြီနော်စိတ်ချလက်ချအိပ်တော့ ငါ့အနောက်ကနေလူတစ်စုထွက်လာပြီး ငါ့ခေါင်းနောက်ကနေသေနတ်နဲ့ချိန်ထားတယ် ပြီးတော့ဟက်ဟက်ပက်ကပ်ရီနေတဲ့ခွေးမသားတစ်ကောင်ကလဲငါ့ရှေ့ကိုပေါ်လာတယ် ဟုတ်တယ်ပါတီတုန်းကကောင်ဘဲ လက်တစ်ဖက်ကျောက်ပတ်တီးအဖွေးသားနဲ့

Jade : "Wow အန္တရာယ်တွေကြားကဖခင်မေတ္တာကအရမ်းကိုသနားဖို့ကောင်းတာဘဲ ဘယ်လိုလဲ ခွန် Vegas ငါ့ကိုမေ့သွားပြီလား"

Vegas : " Venice ရဲ့ဗုံးကိုဖြုတ်ပေး"

Jade : "အင်းငါလဲအဲ့သေးသေးလေးကိုခေါ်လာဖို့စိတ်ကူးမရှိပါဘူး First familyကအကြီးဆုံးသားclubကိုသွားတာမြင်တော့လိုက်သွားရင်းကနေကလေးတစ်ယောက်ပါလာတော့အံ့ဩနေတာ ပြီးတော့ မင်းရဲ့မိန်းမလှလေး Pete ရဲ့သားလို့ပြောသံကြားတာနဲ့ ခိုးခဲ့တာလေ နှမြောစရာဘဲ ပါတီမှာကတည်းကအလှလေးကိုစားလိုက်ရင်ဖြစ်တာကို အခုတော့မင်းချိုးသွားတဲ့လက်အစား မင်းလက်ကိုဘဲဖြတ်ရတော့မယ် "

Vegas × Pete  ( complete )Where stories live. Discover now