Unicode
အပိုင်း ( ၂ )ထမင်းစားပြီးတော့ လင်းမုန်တိုင်း စောနကမီးသတ်ထားတဲ့ဆေးလိပ်တိုကို မီးပြန်ငြိကာနှစ်ဖွာသုံးဖွာလောက်ဖွာလိုက်သည်။ ညလေပြေကတော့ အိမ်နောက်ဖေးသွားပြီး ပန်းကန်တွေဆေးကြောနေသည်။
ညလေပြေနဲ့လင်းမုန်တိုင်းတို့နေတဲ့အိမ်ကလေးမှာ ခြေတံရှည်အုတ်ခုံခံအိမ်ပုလေးဖြစ်ပြီး လင်းမုန်တိုင်းရဲ့မိဘတွေလက်ထပ်ကအမွေရထားသော အိမ်ကလေးဖြစ်သည်။ ညလေပြေ ပန်းကန်တွေဆေးကြောပြီး အိမ်ပေါ်ပြန်တက်လာတော့ မွေးနေ့ကိတ်ကို ထမင်းစားပွဲပေါ်တင်ပြီး ဖယောင်းတိုင်သေးသေးလေးတွေကိုကိတ်ပေါ်မှာအစီအရင်စိုက်နေတဲ့လင်းမုန်တိုင်းကြောင့် ထိုအနားကို သွားထိုင်လိုက်သည်။
" သဘောကျလား ကိတ်မုန့်ကို ငါက အကြီးဝယ်မလို့ပဲ ဒါပေမဲ့ ပိုက်ဆံကမလောက်လို့ "
" ရပါတယ် ဘာလုပ်ဖို့အကြီးဝယ်မှာလဲ ငါတို့နှစ်ယောက်စာပဲဟာကို ဒါနဲ့ ပိုက်ဆံက ဘယ်ကရတာလဲ ဒါတွေဝယ်ဖို့က "
" မင်း ငါ့ကို နေ့တိုင်းပေးတဲ့မုန့်ဖိုးတွေကိုစုထားတာလေ ငါ မင်းနဲ့လိုက်လာကတည်းကပဲ "
" ဟင် အဲ့တာဆို ည ငါ ပေးတဲ့ပိုက်ဆံတွေကို မုန့်ဝယ်မစားဘဲ အခုလိုလုပ်ပေးဖို့စုထားတာပေါ့ "
" ဟုတ်တယ်လေ ကိတ်က တစ်သောင်းရှစ်ထောင်တဲ့ အင်္ကျီက တစ်သောင်းနှစ်ထောင့်ငါးရာ သွားတာလာတာက ငါးထောင်လောက်ကုန်တယ် စုစုပေါင်း သုံးသောင်းငါးထောင့်ငါးရာ ငါ့မှာကသုံးသောင်းလောက်ပဲရှိတာ ကျန်တာက မင်းငါ့ကိုအပ်ထားတဲ့ဈေးဖိုးထဲကနေ နည်းနည်းလောက်နုတ်ပြီး ဝယ်ထားတာ "
" ည တကယ်ကျေးဇူးတင်ပါတယ်ကွာ ငါ့ကို အခုလို မွေးနေ့လေးလုပ်ပေးလို့ "
" ရပါတယ် မီးထွန်းတော့လေ ငါ ဟက်ပီးဘတ်ဒ်ဒေး လုပ်ပေးမယ် "
" မင်းကလည်း ရှက်စရာကြီး မလုပ်ပါနဲ့တော့ ပြီးတော့ မင်းက အဲ့လိုဖယောင်းအငွေ့တွေနဲ့မတည့်မှမတည့်တာ ငါက ဒီတိုင်းစိုက်ထားလိုက်တာ ဒါနဲ့ စောနက ထမင်းစားတုန်းကဘာဖြစ်သွားတာလဲ ငါလည်း မေးမလို့ပဲ ထမင်းကစားကောင်းနေလို့ "
BẠN ĐANG ĐỌC
အတိုင်းအထက် အလွန် / အတိုင်းအထက် အလွန် [ Completed ]
Teen Fictionunicode ခပ်ဆိုးဆိုး ဂျစ်ကန်ကန်အမြဲတမ်းနေတဲ့ ကောင်လေးတစ်ယောက်။ ည ဆိုတဲ့ကောင်လေးတစ်ယောက်ကလွဲရင် ကျန်တာဘာကိုမှဂရုမစိုက်တက်တဲ့ အရမ်းသဝန်တိုပြီး ဒေါသထွက်လွယ်တဲ့ လင်းမုန်တိုင်း ။ ။ အရာရာကို အကောင်းမြင်တက်လွန်းတဲ့ ကောင်လေးတစ်ယောက်။ မုန...